စစ်ကောင်စီသည် စက်တင်ဘာလ၂၄ ရက် ယနေ့တွင်စစ်တွေမြို့ အနောက်တောင်ဘက်ရှိ မေယုမီးပြအနီးပင်လယ်ပြင်တွင် ရေတပ်သင်္ဘော များဖြင့် စစ်ရေးလေ့ကျင့်မည်ဟုသိ၇သည်။
၎င်းစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး စစ်နည်းဗျူဟာ ပင်လယ်ပြင်လေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်ကြောင်း ၇ခိုင်ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် ရေပြင်မှာ “မေယုပွိုင့်၏ အနောက်တောင်၁၅ ဒဿမ ၅ မိုင်၊ ရေနံစင် အနောက်မြောက် ၁၈ မိုင်၊ OYSTER မီးပြတိုက်၏ အနောက်တောင် ၁၅ ဒဿမ ၅ မိုင်၊ပင်မကုန်းမြေ၏ ၂၇ ဒဿမ ၅ မိုင်အကွာတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိ၇သည်။
မေယုမီးပြတိုက်မှာ မေယုမြစ်၀တွင် တည်ရှိပြီးရေမျက်နှာပြင်အမြင့် ၁၃၅ ပေ အမြင့်တွင် တည်ရှိကာ ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး အစပိုင်းတွင်း Oyster မီးပြဟုခေါ်တွင်ခဲ့သော်လည်း နောက်ပိုင်းတွင် မေယုမီးပြဟု ပြောင်းလဲခေါ်တွင်လာခြင်းဖြစ်သည်။
ယခုကဲ့သို့စစ်ရေးလေ့ကျင်းမှု ပြုလုပ်မည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်းအသိပေးထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
လက်ရှိ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ၊လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်လာသည်မက စစ်အင်အားဖြည့်တင်းမှုများကိုလည်းပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းများအရ သိ၇သည်။
ဓာတ်ပုံ- စစ်ရေးလေ့ကျင့်မည့် ရေပြင်အနီးက မေယုမီးပြကိုတွေ့၇စဉ်