ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သစ်ပုတ်တောင်ရှိ စစ်ကောင်စီ ဓည၀တီရေတပ်ဌာနချုပ်မှနေဗီစစ်သင်္ဘော ၆ စီးသည် ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နံနက် ၆ နာရီနှင့် ရ နာရီကြားတွင် စစ်သည်အင်အားအပြည့်ဖြင့် ပင်လယ်ပြင်သို့ထွက်ခွာသွားခြင်းဖြစ်ကြောင်းမျက်မြင်ကျောက်ဖြူ ဒေသခံတစ်ဦးကပြောသည်။
ဓည၀တီရေတပ်ဌာနချုပ်မှအမှတ်၅၅၅၊ ၅၄၀ ၊ ၅၇၀ ၊ ၅၆၁ နေဗီစစ်သင်္ဘော ၄ စင်းနှင့်နောက်ထပ်ရေတပ် စစ်သင်္ဘောနှစ်စင်းတို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်းသိ၇သည်။
" မနေ့က မနက်ပိုင်းကရေတပ်စခန်းက နေဗီ ၆ စီးထိ ပင်လယ်ဘက်ထွက်ခွာသွားတာတွေ့၇ပါတယ်။စစ်သင်္ဘော ၆ စီးမှာ ခန့်မှန်းစစ်အင်အား ၅၀၀ ခန့်လောက်ပါမယ်လို့ ထင်၇ပါတယ်” ဟု သူကပြောသည်။
ယခုကဲ့သို့ စစ်သည်အင်အားအပြည့်နှင့် ပင်လယ်ပြင်သို့ထွက်ခွာသွားခြင်းမှာ ပင်လယ်ပြင်တွင် စစ်ရေးလှုပ်ရှားမှု (သို့မဟုတ်) စစ်သည်အရွှေ့အပြောင်းလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
နိရဉ္စရာ သတင်းဌာက ရရှိသော သတင်းအ၇ စစ်ကောင်စီသည် ယနေ့စက်တင်ဘာလ ၂၄ ရက် တွင် စစ်တွေမြို့အနောက်တောင်ဘက်ရှိ မေယုမီးပြတိုက်က အနောက်တောင်ဘက် ၁၅ ဒဿမ ၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မည်ဟုသိ၇သည်။