Preview

စစ်တွေတွင် မီးပွိုင့်မိ၍ ရပ်နားစောင့်နေသည့် ဆိုင်ကယ်များကို နောက်မှကားဝင်တိုက်၍ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :3319
ရခိုင် သတင်း

ယနေ့ ညနေက  စစ်တွေမြို့  လောကာနန္ဒာမီးပွိုင့်တွင် မီးနီမိ၍ ရပ်နားစောင့်နေသည့် ဆိုင်ကယ် ၃ စီးကို  နောက်မှ လာသည့်ကားတစ်စီးမှ အရှိန်ဖြင့်ဝင်တိုက်၍ ထွေအုပ်ဝန်ထမ်းအမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိ၇သည်။

ဒဏ်ရရှိသူ ၄ ဦးမှာ ၇သေ့တောင်မြို့နယ် ထွေအုပ်ဝန်ထမ်း ဒေါ်ဝင်းခင်သန်း(၃၂) နှစ်၊ စစ်တွေမြို့ ဦးရဲကျော်သူ ဘုန်းတော်ကြီးကျောင်းအနီးမှ ဒေါ်မေသန်းနု(၃၀)နှစ်၊ စစ်တွေမြို့ မင်းဂံအကွက်(၂) မှ ကိုမျိုးလှိုင်ဝင်း(၂၆)နှစ်နှင့် နောက်ထပ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

ယနေ့  ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ဒါဘယ်ကပ် (အနက်ရောင်)ကားတစ်စီးမှ ၎င်းဆိုင်ကယ်များကို  ဝင်တိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" မီးပွိုင့်မိနေတာကို နောက်ကဝင်တိုက်တာ။ အနက်ရောင်ကားတစ်စီးက ဝင်တိုင်ပြီး ထွက်ပြေးသွားတယ်။ လေးယောက် ဒဏ်ရာရတယ်။ မိန်းကလေးနှစ်ယောက်စိုးရိမ်၇တယ်"ဟုပြောသည်။


လက်ရှိတွင် ကားတိုက်ထွက်ပြေးသွားသူကို နောက်ပိုင်းတွင် ဖမ်းဆီးမိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ထိန်းသိမ်းထားကြောင်း သိ၇သည်။

အသင်းအဖွဲတစ်ခု တာဝန်ရှိသူတစ်ဦးက  " ကားတိုက်ထွက်ပြေးသူကိုတော့ ဖမ်းမိတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေတယ်" ဟုပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြောင်းသိ၇သည်။

စစ်တွေတွင် စက်တင်ဘာလအတွင်းယဉ်တိုက်မှု အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်းသိ၇သည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.