ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှကျောင်းသူတစ်ဦးသည် ရန်ကုန်တွင် ၁၀ ရက်ကြာသည့်တိုင် အဆက်သွယ် မရဘဲ ပျောက်ဆုံးနေ၍မိသားစုဝင်များ စိုးရိမ်နေကြရသည်ဟု သိရသည်။
ပျောက်ဆုံးသွားသည့်ကျောင်းသူမှာ မာန်အောင်မြို့နယ်၊ညောင်ပင်လှကျေးရွာမှ အသက်(၂၀)အရွယ် မြန်မာစာမေဂျာဖြင့် ဒုတိယနှစ်အဝေးသင်တက်ရောက်မည့် မလှိုင်ရတနာထွန်းဖြစ်သည်။
မလှိုင်ရတနာထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ တိုက်အမှတ် (၂၆)၊ ကျန်စစ်မင်းအိမ်ရာတွင် အစ်ကိုဖြစ်သူကိုဖြိုးဝေအောင်နှင့်အတူ နေထိုင်ပြီး တိုက်အမှတ်(၃၂)၊ ကျန်စစ်မင်းအိမ်ရာရှိအစ်ကိုဖြစ်သူ၏ အသုပ်ဆိုင်တွင် ဆိုင်ကူရောင်းပေးနေခြင်းဖြစ်သည်
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကဆိုင်ကူရောင်းနေစဉ် ထမင်းစားရန် အစ်ကိုဖြစ်သူက အိမ်ပြန်ခိုင်းရာမှပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှတင်နုက ပြောသည်။
"အဲ့ဒီနေ့ကသူ့အစ်ကိုနဲ့ စကားကတောက်ကဆဖြစ်ကြတယ်လို့ပြော
ပျောက်ဆုံးသွားသည့်နေ့မှစ၍ယနေ့ စက်တင်ဘာလ ၂၅ ရက်အထိ ၁၀ ရက်ကြာသည့်တိုင် အဆက်အသွယ် တစ်စုံတစ်ရာမရသည့်အတွ
"ဖုန်းဆက်ရင်လည်း ဆက်သွယ်မှုဧရိယာပြင်ပတဲ့။သမီးလေးက ရှေလထဲဆို ကျူရှင်လည်း တက်ရတော့မယ်။ သူ့သူငယ်ချင်းတွေကိုဖုန်းဆက်မေးတော့လည်း အဆက်အသွယ်မရဘူးလို့ပဲ ပြောကြတယ်။ စိုးရိမ်နေတာကပြောမပြတတ်အောင်ပါပဲ" ဟု ပြောသည်။
မလှိုင်ရတနာထွန်းမှာ ကျောင်းမတက်ရသေးမီအတွေ့အကြုံရရန်ဟုဆိုကာ ပြီးခဲ့သည့် မေလက အစ်ကိုဖြစ်သူ၏ အသုပ်ဆိုင်တွင်ဆိုင်ကူရောင်းပေးရန်အတွက် ရန်ကုန်တွင် သွားရောက် နေထိုင်ခြ
ပြီးခဲ့သည့် စက်တင်ဘာလ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီကလည်း ရန်ကုန်မြို့၊ အရှေ့ဒဂုံ(၁၃)ရပ်ကွက်၊ရှင်ထွေးညိုလမ်းရှိ အောင်သစ္စာဘုန်းတော်ကြီးကျောင်း
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ Grade10 အတွဲ(ရ) ဝိဇ္ဇာဘာသာတွဲကိုရန်ကုန်တွင်ပညာသင်ယူနေသည့် အသက် (၁၄)နှစ်အရွယ် မလင်းလဲ့ရွှေရည်မှာရန်ကုန်တိုင်း ဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊အောင်သပြေ (၅)လမ်းတွင် အဒေါ်ဖြစ်သူနှင့်နေထိုင်ရာ အိမ်တွင်လူမရှိခိုက်တစ်ယောက်တည်းထွက်လာရာမှ ပျောက်ဆုံးသွားခဲ့သည်။
ယင်းနောက် ဇူလိုင်လ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ဇေယျာသီရီ (၂)လမ်းရှိ ဒေါ်မြင့်မြင့်မှုမှ လမ်းပျောက်၍ ခေါ်ယူထားရာမှမိသားစုများကို အသိပေးလာသည့်အတွက် ပြန်ရှာတွေ့ခဲ့သည်။ (NN-12)
ဓာတ်ပုံ -ပျောက်ဆုံးနေသည့် မလှိုင်ရတနာထွန်းအားတွေ့၇စဉ်