Preview

ကျောက်တော်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းကို ယနေ့တွင်လည်း အမိန့်မချဘဲ ရုံးချိန်းရက် ထပ်မံရွေ့ဆိုင်း

စက်တင်ဘာ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1399
ရခိုင် သတင်း

(အမိန့်ချမည့်ရုံးချိန်းကိုရွှေ့ဆိုင်းသည်မှာ ၁၅ ကြိမ်ခန့်ရှိနေပြီဟုဆို)  

၇ခိုင်ပြည်နယ် ကျောက်တော်မြို့မှပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အမှုကိုယနေ့တွင်လည်း အမိန့်မချဘဲ ရုံးချိန်းရက်ကိုထပ်မံရွေ့ဆိုင်းလိုက်သည်ဟု သိ၇သည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက်နံနက် ၁၀ နာရီကျော်က ကျောက်တော်မြို့နယ် တရားရုံးတွင် လူမှုရေးတက်ကြွလှုပ်ရှားသူဦးဇော်ဝင်းကို ယခင်ရက်များက နည်းတူ အမိန့်ချရန်ရုံးထုတ်ခဲ့သော်လည်း လာမည့်အောက်တိုဘာ ၁၀ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟုအမှုနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

“ဒီနေ့က တရားသူကြီးမရှိလို့ဆိုပြီးရုံးချိန်းရက်ကို ရွေ့လိုက်တာပါ။ ဒုတရားသူကြီးက ၁၀ လပိုင်း ၁၀ရက်နေ့ကို ထပ်ချိန်းပေးလိုက်တယ်” ဟုပြောသည်။

ဦးဇော်ဝင်းကို ကျောက်တော်မြို့တွင်ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်၌ရက္ခိုင့်တပ်တော် (AA)ကဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူ့၏နေအိမ်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင် ဦးဇော်ဝင်းအပြင်ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်းကိုဇော်မိုးထက်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှအိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင်တို့ကိုလည်းကျောက်တော်မြို့ဝင်၀ရှိ စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံတွင် စစ်ကောင်စီကအကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့သည်။

အမှုရင်ဆိုင်ပြီး တစ်နှစ်ကျော်ခန့်အကြာတွင်ကိုဇော်မိုးထက်နှင့် ဦးကျော်သန်းမောင်တို့ကို ပြီးခဲ့သည့် စက်တင်ဘာ၁၅ ရက်က ကျောက်တော်မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

သို့သော်ဦးဇော်ဝင်းကိုမူ အမိန့်မချသေးဘဲ ရုံးချိန်းရက်များကို ယခင်ရက်များက နည်းတူရွေ့ဆိုင်းနေခြင်းဖြစ်သည်။

ဦးဇော်ဝင်း၏ဇနီးဖြစ်သူက “အမိန့်ချမယ့်ရက်ကိုပဲ မျှော်လင့်နေတယ်။ လွတ်ရင် လွတ်၊ ထောင်ချရင် ချပေါ့နော်”ဟု ပြောသည်။

ဦးဇော်ဝင်းကို စွဲဆိုထားသည့်ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ(မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ်ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက်လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိ၇သည်။

ပြစ်ဒဏ်မှာ ၃ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိ၇သည်။

ရခိုင်တွင် AAနှင့်ဆက်စပ်ပြီးတရားရုံးတွင် အမှုရင်ဆိုင်နေသူများမှာ ရာနှင့်ချီ၍ ကျန်ရှိနေသေးကြောင်းလည်းသိ၇သည်။ 

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.