ရက္ခိုင့်တပ်တော်(AA)က ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်စဉ် အာဆာ(ARSA) အဖွဲ့ဝင်များဟု သံသယရှိသူ၈ဦးခန့်ဖမ်းဆီးခံထား၇ကြောင်း ဒေသခံများကပြောသည်။
၎င်းတို့မှာ စက်တင်ဘာလ ၁၉ ရက်ခန့်မှစတင်ပြီး အေအေမှ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေး လုပ်စဉ် ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေ၊ အတွင်းငှက်သေ၊ ဆေးအိုးကျနှင့် ၀၇ကျွန်းဒိုးတန်းစသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိ၇သည်။
စက်တင်ဘာလ ၂၂ ရက်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း အာဆာ က စက်တင်ဘာလ ၂၄ ရက်က သူတို့၏ တွစ်တာ စာမျက်နှာ၌ ဖော်ပြခဲ့ကြသည်။
ဒေသခံများကမူ ယင်းရက်ပိုင်းအတွင်း အေအေ နှင့် အာဆာတိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့ဟု ပြောဆိုထားကြပြီး အာဆာက သတင်းမှားထုတ်လွှင့်နေခြင်းသာဖြ
ယင်းအပြင် ယခုကဲ့သို့ နယ်မြေရှင်းလင်းနေစဉ်အတွင်း စက်တင်ဘာလ ၂၁ ရက်တွင် အာဆာ အဖွဲ့နှင့် အေအေ အဖွဲ့တို့ ထိပ်တိုက်တွေ့မှုတစ်ခုပင် ရှိခဲ့သေးသည်ဟုလည်း အမည်မဖော်လိုသည့်ဘူးသီးတောင်ဒေ
“၂၁ ရက်နေ့ညက ရွက်ညိုတောင်က မွတ်ဆလင် တစ်ယောက်ကို အာဆာ ၇ ယောက်က ဖမ်းလာပါတယ်။ ဖမ်းလာတော့ ရွက်ညိုတောင်ကနေ ဦးလှဖေဘက်ကိုလာတယ်လေ။ အဲဒီဦးလှဖေကူးတို့ဆိပ်မှာ အေအေ နဲ့ ဆုံတယ်။ အေအေနဲ့ဆုံကြတော့ အပစ်အခတ်တော့မရှိဘူး။ သူတို့က အေအေကိုမြင်လို့ အဲဒီလူကို ထားပြီး ထွက်ပြေးသွားကြတယ်”ဟု နိရဥ္စရာကိုပြောသည်။
အေအေ ၏ပြောခွင့်၇သူ ဦးခိုင်သုခကမူ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်မြို့နယ်တွင် ပြန်ပေး၊ ငွေညှစ်၊ လူသတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို လိုက်လံ ရှင်းလင်းနေကြောင်း နိရဥ္စရာအပါအဝင် မီဒီယာအချို့ကို ယမန်နေ့က ပြောဆိုထားသည်။
"ဘူးသီးတောင်ဘက်မှာ ဒေသခံပြည်သူတွေကို ပြန်ပြေးဆွဲ၊ လူသတ်၊ ဓားပြတိုက်နေတဲ့ ရာဇဝတ်ဂိုဏ်း၊ လူဆိုးဂိုဏ်းတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကျနော်တို့ အာရက္ခ ပြည်သူ့အစိုးရရဲ့ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေက ဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်။ ဒီလူဆိုးဂိုဏ်းတွေ အခြေစိုက်တဲ့ ကျေးရွာတွေကို ကျနော်တို့ ပိတ်ဆို့ပြီး ရှာဖွေနေတာဖြစ်ပါတယ်”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကို ခံ၇ပြီးနောက် အာဆာလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များသည် ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ မြန်မာပြည်ထဲသို့ ဝင်ရောက်လာပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် စည်းရုံးရေးဆင်းခြင်း၊ အေအေ နှင့် ဆက်စပ်သည့် ဒေသခံတချို့ကို ခြိမ်းခြောက်သတ်ဖြတ်ခြင်းနှင့် စီးပွားရေးသမားတချို့ကို ဖမ်းဆီးခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသအတွင်းကလာသော သတင်းများအ၇ သိ၇သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်၊ ညအချိန်ကလည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ မီးကျောင်းခေါင်းဆွဲ ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ရပ်မိရပ်ဖ မာမတ်ရူရ်ကူရ်းသည် ကျေးရွာအတွင်းရှိ နေအိမ်မှ အာဆာအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့၇သည်ဟု ဒေသခံများက ပြောသည်။
နောက်တစ်နေ့ စက်တင်ဘာလ ၁၀ ရက်တွင် အသတ်ခံထား၇သည့် သူ၏ ရုပ်အလောင်းကို ရွာနှင့်မနီးမဝေးရှိ မောင်နှမတောင်အနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။
ယင်းနောက်ပိုင်း အေအေက ဘူးသီးတောင်မြို့နယ်အတွင်း ယခုကဲ့သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ
မွတ်ဆလင်ဒေသခံတစ်ဦးက“ အာဆာ ကို နယ်မြေရှင်းလင်းတာက တစ်ခုကောင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ကျနော်တို့ မလိုလားဘူး။ ကျနော်တို့ မထောက်ခံဘူး။ သူတို့ကို ကျနော်တို့ကို အကျိုးရှိတာလုပ်တာ တစ်ခုမှမရှိပါဘူး။ သူတို့ကို ကျနော်တို့ ပြည်သူလူထုကို သတ်ဖြတ်တာပဲရှိတယ်။ ဒါကြောင့် အခုလိုနယ်မြေရှင်းမှုက ကောင်းတယ်”ဟု ပြောသည်။
ယင်းသို့နယ်မြေရှင်းလင်းရာတွင်
AA ပြောခွင့်၇သူ ဦးခိုင်သုခကမူ အာဆာနှင့်မပတ်သက်သူများအတွက် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိသည့်
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ၄င်းတို့ကို ထောက်ခံအားပေးသည့်အဖွဲ့အစည်းနှ
အကြမ်းဖက်အဖွဲ့အစည်းများ၏လှုပ်
အေအေ နှင့် အာဆာ အဖွဲ့တို့သည်ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းတို့တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေး
အာဆာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ၇ခိုင်ပြည်နယ်အတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့်အဖွဲ့
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအချို့ကို အာဆာက ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ မြန်မာစစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့၇သေးသည်။
ဘူးသီးတောင်မြို့နယ်အတွင်း အေအေထိန်းချုပ်ထားသည့် မွတ်ဆလင်ကျေးရွာများဖြစ်သော ဦးလှဖေ၊ ရွက်ညိုတောင်၊ ဆေးအိုးကျ၊ ၀၇ကျွန်းဒိုးတန်း၊ သိမ်တောင်၊ ဖုံညိုလိပ်နှင့် အတွင်းငှက်သေ စသည့်ကျေးရွာများ
(NN-16)