တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

စစ်ဘေးရှောင်များ နေရပ်ပြန်ရေး စစ်ကောင်စီက လက်ကမ်းစာစောင်များဖြန့်ဝေ


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 973

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် စစ်ကောင်စီက ၀ါဒဖြန့် စာစောင်များကို စစ်ဘေးရှောင်စခန်းများတွင် ဖြန့်ဝေနေကြောင်း သိရှိရသည်။

ဒီနေ့ မနက်ပိုင်းက စခန်းမှာ လူတချို့ လာပေးသွားတယ်လို့ပြောတယ်။ ကျွန်တော်နဲ့တော့ မတွေ့ လိုက်ဘူး။ အဖွားကြီး တစ်ဦးဆီမှာတော့ တွေ့လို့ ကျွန်တော်လည်း ဖတ်ရတယ်။ အရင်ကလည်း ဒီလို့ပေးတာမျိုးရှိ ခဲ့တယ်ဟု မြောက်ဦးမြို့ စစ်ဘေးရှောင် စခန်းတွင်နေထိုင်သတစ်ဦးက ပြောသည်။

၎င်းလက်ကမ်းစာစောင်များဖြန့်ဝေမှုကို စစ်ကောင်စီ၏  ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မီတီက ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရသည်။

ဖြန့်ဝေသည့် စာထဲတွင် ပြည်တွင်း ယာယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များတွင် ပြန်လည်အခြေချနေထိုင်ပြီး ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရန် စီမံချက်ဖြင့် တရားဥပဒေ စိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား စည်းလုံးညီညွတ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များကြောင်းဟု ရေးသား ဖော်ပြထားသည်ဟု သိရသည်။

ထို့အပြင်အေးချမ်းသာယာ တည်ငြိမ်စွာ မိမိရပ်ရွာ နေထိုင်ပါနေရပ် စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေး  အားလုံးပါ၀င် ဆောင်ရွက်ပေးစသဖြင့်လည်း ရေးသားထားသည်ဟုဆိုသည်။

ရွာပြန်ဖို့ဆိုတာက ပြောရခက်ပါတယ်။ ဘယ်လိုအနေအထားနဲ့ ကျွန်တော်တို့ ပြန်နိုင်မှာလဟုလည်း အဆိုပါ စစ်ဘေးရှောင်က ပြောသည်။

မြောက်ဦးမြို့ရှိ တခြားစစ်ဘေးရှောင်စခန်းများတွင်လည်း ယခုကဲ့သို့ လက်ကမ်းစာစောင်များ ဖြန့်မဖြန့်ကို သိရအောင် မဟာမုနိ စစ်ဘေးရှောင် စခန်းတာဝန်ရှိသူတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြောဆိုမှုမရှိဘဲ ဖုန်းချသွားသည်။

၂၀၂၂-ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အပစ်အခတ် ရပ်စဲပြီး နောက် စစ်ကောင်စီသည်  ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် တချို့ကို ထောက်ပံ့မှုအနည်းပေးပြီး နေရပ်ပြန်ပို့ခဲ့သည်။

၀၂၁-ခုနှစ် မတ်လ မတ်လ ၂၀၂၃ ခုနှစ် ဇွန်လအကုန်အထိ ၂နှစ်နှင့် ၂လအတွင်း ကချင်၊ ကရင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့မှ အိမ်ထောင်စု ၂၅၄၇၄ စု ၊ လူဦးရေ ၁၀၉၉၅၂ တို့ကို နေရပ်ပြန်ပို့ နိုင်ခဲ့ကြောင်းလည်း ယခုဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် အပါအဝင်မြို့နယ်တချို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆၀၀၀၀ နီးပါးရှိနေသေးကြောင်း အရပ် ဘက်အဖွဲ့ အစည်းများ ကောက်ယူထားသည့် စာရင်းများအရ သိရှိရသည်။

Photo- ABN

ဆက်စပ် သတင်းများ