(ကျွန်းပေါ်ကပြည်သူများဖိတ်ကြားခြင်းမခံ၇ )
၂၀၂၃ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော်ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲကို စက်တင်ဘာလ ၂၉ ရက်က ၇ခိုင်ပြည်နယ်ကျောက်ဖြူမြို့ မဒေးကျွန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သော်လည်း၎င်းပွဲမှာ ကျွန်းပေါ်နေ ပြည်သူများအတွက် ပြုလုပ်သော ပွဲမဟုတ်ကြောင်း ဒေသခံပြည်သူများကပြောကြားသည်။
ဒေသခံ တစ်ဦးက “ မဒေးကျွန်းမှာ လုပ်တယ်လို့ ဆိုတဲ့အတွက် မဒေးကျွန်းသူကျွန်းသားတွေအတွက်လုပ်ပေးတဲ့ ပွဲလို့ ထင်ပါလိမ့်မယ်။ မဟုတ်ပါဘူးခင်ဗျား။ ကျွန်းသူ ကျွန်းသားတစ်ဦးတစ်ယောက်ကမျှမဖိတ်ပါဘူး။ တရုတ်ဝန်ထမ်းတွေ၊ သူတို့ အလုပ်သမားတွေ အတွက် လုပ်တဲ့ပွဲသာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ အကပဒေသာဖျော်ဖြေပွဲကို မဒေးကျွန်းရှိ SEAOP၏ ရေနံတင်ဆိပ်ကမ်း (CrudeOil Terminal) စက်ရုံဝင်းထဲတွင်စက်တင်ဘာလ ၂၉ ရက်က ကျင်းပခဲ့ပြီး Sino-Pipeline International ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကာ တရုတ်အနုပညာရှင် ၃၀ ခန့်ကပါဝင်ဖျော်ဖြေခဲ့သည်။
ပါဝင်တက်ရောက် ကြည့်ရှုသူ၂၀၀ ခန့်ရှိကြောင်း ဆင်ဟွာသတင်းတရပ်တွင် ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ သတင်းတွင်ဖော်ပြထားသည်။
အဆိုပါပွဲတော်သို့ တရုတ်နိုင်ငံသားစီးပွားရေးလုပ်
"မနေ့က အဲဒီမှာရေနံတင်ဆိပ်ကမ်းမှာရှိတဲ့ စက်ရုံဝင်းထဲမှာလုပ်တာပါ။ သူတို့ တရုတ်ဘက်က ဧည့်သည် လူကြီးတွေပါတယ်
ယခုကဲ့သို့ ဒေသခံပြည်သူများအဘက်ဘက်တွင် ချွတ်ခြုံကျပြီး လူမှုဘ၀ဆင်းရဲနွမ်းပါးစွာ ရပ်တည်နေရချိန်တွင် တရုတ်လူမျိုးများနှင့် ကိုယ်ကျိုးကြည့်စီးပွားရေးသမားများက ပျော်ပွဲရွှင်ပွဲများ ကျွန်းပေါ်လာကျင်းပသည်
"ဒီလိုပြည်သူတွေဆင်းရဲနွမ်းပါးနဲ့ မငတ်ရုံတမယ်ရုန်းကန်နေရတဲ့အချိ
ဆောင်းဦးလယ် ပွဲတော်ကို လမုန့်ပွဲ၊လပြည့်နေ့ပွဲတော်ဟု ခေါ်ဆိုကြပြီး တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်လရောင်အထွန်းလင်းဆုံး လပြည့်နေ့တွင် မိသားစုများ အတူစုံညီ၍ လမုန့်သုံးဆောင်လေ့ကြောင်းသိ၇သည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျွန်းသည် တရုတ်၏ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းကြီးအပါအဝင်ရေနံဆိပ်ကမ်းနှင့် ရေနံ၊ သဘာ၀ဓာတ်ငွေပိုက်လိုင်းများတည်ရှိရာ ဒေသတစ်ခုဖြစ်သော်လည်းဒေသခံ ရခိုင်ပြည်သူများများမှာ လယ်မြေဆုံးရှုံး၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးကာ ရပ်တည်ရှင်သန်ရေးအတွက် ဒုက္ခရောက် နေကြ၇သည်ဟု ဒေသခံများက ပြောဆိုသည်။
၇ခိုင်ကထွက်သည့် သဘာ၀ဓာတ်ငွေ့များကို ၎င်းကျွန်းပေါ်က တဆင့် ပိုက်လိုင်းများဖြင့် တရုတ်ကိုတင်ပို့မှုကြောင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လ အတွင်း မြန်မာနိုင်ငံ စစ်ကောင်စီက အမေရိကန်ဒေါ်လာ ၉၉၃ဒဿမ ၉၄ သန်း ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု
လက်ရှိတွင် မဒေကျွန်းဆိပ်ကမ်းသို့ရေနံတင်ချဆိပ်ကမ်းအားတန်ချိန် (၃၀၀,၀၀၀)ဆံ့ရေနံတင် သင်္ဘောများဝင်ရောက်ဆိုက်ကပ်နေပြီး ၎င်းဆိပ်ကမ်းကို အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။
တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်းသိုလှောင်ကန်များသို့ သင်္ဘောကြီးများဖြင့် ပို့ဆောင်ပြီးယင်းမှ တစ်ဆင့်မြေအောက် ပိုက်လိုင်းများဖြင့် တရုတ်ပြည်သို့ယူနန်ပြည်နယ်သို့ ပို့ဆောင်သည်။ ၎င်းစီမံကိန်းကို ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
ရေနံတင်သင်္ဘောများစတင်ဆိုက်ကပ်
လက်ရှိတွင်လည်းရေနံတင်သင်္ဘောကြီးများသည် ဆိပ်ကမ်းသို့ ရက်ပိုင်းအတွင်း တစ်စီးပြီး တစ်စီးဆက်တိုက်ဆိုက်ကပ်နေပြီး ရေနံတင်သင်္ဘောများဆိပ်ကမ်းကပ်
မဒေးကျွန်းရေနံတင်ဆိပ်ကမ်းတွင်
ကျောက်ဖြူမြို့နယ်သည်တရုတ်၏ အရေးပါသည့်ရင်းနှီးမြှုပ်နှံမှု
လက်ရှိတွင် ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်တို့ကိုတည်ဆောက်နေပြီး တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှ
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင်မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင်မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့်တည်ဆောက်မည်ဟု သိရသည်။
အဆိုပါကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels,Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစား ဖြစ်ပြီး အဆိုပါ ရေနက်ဆိပ်ကမ်းမှာတရုတ် ခါးပတ်လမ်း BRI စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရခိုင်နှင့်ယူနန်ပြည်နယ်ကို မကွေး၊မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းပြီး မီးရထား၊ကားလမ်းများဖြင့် ဆက်သွယ်သွားမည်ဖြစ်ကြောင်း သိ၇သည်။
Photos - China Xinhua News and Narinjara News