Preview

စစ်ကောင်စီက မြန်မာနိုင်ငံရှိ လူဦးရေစာရင်းကို ထုတ်ပြန်ရာတွင် ရခိုင်၌ လူဦးရေ ၃ ဒသမ၄ သန်းရှိကြောင်းဖော်ပြ

အောက်တိုဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :4317
ရခိုင် သတင်း

စစ်ကောင်စီကမြန်မာတစ်နိုင်ငံလုံးရှိ ခန့်မှန်းလူဦးရေစာရင်းကို ၂၀၂၃ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ရာ ရခိုင်ပြည်နယ်တွင် လူဦးရေ၃ ဒသမ ၄ သန်းရှိသည်ဟု ဖော်ပြထားကြောင်း သိ၇သည်။

အဆိုပါ၃ ဒသမ ၄ သန်းတွင် အမျိုးသား ၁ ဒသမ ၆ သန်းနှင့် အမျိုးသမီးမှာ ၁ ဒသမ ၈ သန်းပါဝင်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်းစာရင်းမှ ကောက်ယူရှိသော လူဦးရေကို အခြေခံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင်ရှိသည့်မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိပြီး ယင်းအထဲတွင်ရခိုင်ပြည်နယ်၏ ခန့်မှန်းလူဦးရေမှာ ၃ ဒသမ ၄ သန်းအထိရှိသည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကအောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အခြားတိုင်းနှင့်ပြည်နယ်များတွင်ဆိုလျှင် ကချင်ပြည်နယ်တွင်၂ ဒသမ ၈သန်း၊ ကယားပြည်နယ်တွင် ၀ ဒသမ ၄ သန်း၊ ကရင်ပြည်နယ်တွင် ၁ဒသမ ၆ သန်း၊ ချင်းပြည်နယ်တွင် ၀ ဒသမ ၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်၅ ဒသမ ရ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဒသမ ၆ သန်း၊ပဲခူးတိုင်းဒေသကြီးတွင် ၅ ဒသမ ၀ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဒသမ၉ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၆ ဒသမ ၈ သန်း၊ မွန်ပြည်နယ်တွင် ၁ ဒသမ၉ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၉ ဒသမ ၀သန်း၊ ရှမ်းပြည်နယ်တွင် ၆ ဒသမ ၈ သန်း၊ ဧရာ၀တီတိုင်း ဒေသကြီးတွင် ၆ဒသမ ၂ သန်းနှင့် နေပြည်တော်ကောင်စီတွင် ၁ ဒသမ ၄ သန်းဟုခန့်မှန်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲအတွက်ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင်တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင် ထားနိုင်ရေးအတွက်စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် ၂၀၂၃ ခုနှစ်၊အောက်တို ဘာလတွင် မြို့နယ်ပေါင်း(၂၀)ရှိ စာရင်းကောက်ကွက်(၁၀၀) တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ကောက်ယူရာတွင်လည်းMobile Tablet များအသုံးပြုကာComputer Assisted Personal Interviewing(CAP)စနစ်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်းသိ၇သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်းပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က  နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်းသိရသည်။

သန်းခေါင်းစာရင်းကောက်ယူနိုင်မှသာလျှင်အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်မည်ဟုလည်းစစ်ကောင်စီက ပြောဆိုထားသည်။ (NN-11)

#မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.