Preview

ငပလီကမ်းခြေတွင် ကျွဲ၊ နွား အသေကောင် ၁၀ ကျော်ခန့် သောင်တင်နေ

အောက်တိုဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1294
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီကမ်းခြေတစ်လျှောက်တွင် နွားသေနှင့် ကျွဲသေကောင်များ  အကောင်ရေ ၁၀ကျော်ခန့် သောင်တင်နေသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါကမ်းခြေတစ်လျှောက်တွင် သေဆုံးနေသည့်ကျွဲ၊ နွားကောင်ရေ ၁၀ ကျော်ကို ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက်ရ နာရီခန့်ကတွေ့ရသည်ဟု မျက်မြင် မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"အခုကမုန်တိုင်းရှိတယ်တော့ လှိုင်းက ကြမ်းတယ်။ နွားသယ်လာတဲ့လှေ မှောက်တာလား။ မြုပ်တာလားမသိဘူး" ဟုပြောသည်။

လက်ရှိတွင် သေဆုံးသွားသည့်ကျွဲ၊ နွားအသေကောင်မျာကို ငပလီကမ်းခြေတစ်လျှောက်ဖြစ်သည့် မဇင်ရပ်ကွက်၊ဇီးဖြူကုန်းရပ်ကွက်တို့တွင် တွေ့ရခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

နောက်မြို့ခံတစ်ဦးက "ပင်လယ်ထဲမှာ နွားတင်ဆောင်လှေမှောက်တာ။ခပ်လှမ်းလှမ်းမှာ မှောက်နေတဲ့ လှေတွေ့ရတယ်။ ဒီနွားတွေနဲ့ဘင်္ဂလာဘက်တို့ကို သွားတဲ့ လှေတွေရှိတယ်။ ဒါကတော့ ဧရာ၀တီတိုင်းတို့၊ချောင်းသာတို့ဘက်က ဖြစ်ဖို့များပါတယ် " ဟုပြေသည်။

ယခုလိုလှေမှောက်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို လက်ရှိအချိန်အထိ လူသေဆုံးမှု ရှိ မရှိကိုမသိ၇သေးကြောင်း၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငပလီမြို့ရဲစခန်းနှင့်သံတွဲမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။  (NN-13)

 

ဓာတ်ပုံ- ပေးပို့

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.