အာဆာအဖွဲ့ခေါင်းဆောင်ဖြစ်သူ အာတာအူလ္လာ၏သက်တော်စောင့်လည်းဖြစ်ဘဏ္ဍာရေးမှူးလည်းဖြစ်သူ မူဟာမတ်အေချာနိုမန်ချော်ဒူရီ (၂ရ)နှစ် (ဘ) ချာဘိအာရ်မတ်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ယမန်နေ့ကဖမ်းဆီးရမိကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။
RAB ( Rapid Action Battalion) အမှတ် (၁၅) ဘင်္ဂလာဒေ့ချ်နိုင်ငံ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က ၎င်းကို အောက်တိုဘာလ၂ ရက်နေ့ ညဉ့် ၁နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ကောစ်ဘာဇားခရိုင်၊ အိုခီးယားမြို့နယ် ကောတော့ပလောင်ဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီး၇မိခြင်းဖြစ်သည်ဟု အိုကီးယားနယူးတွင် ဖော်ပြထားသည်။
၎င်းသည် ဘင်ဒရာဘင်ခရိုင်နတ်ကျောက်ဆိုးရီမြို့နယ်၊ ခေါင်းတုန်း၊ တောင်ပြိုမြို့နယ်ခွဲတွင်နေထိုင်သည့် ချာဘိအာရ်မတ်သားဖြစ်သည်ဟု အာဏာပိုင်များကပြောဆိုကြောင်းသတင်းတွင်များတွင် ဖော်ပြထား သည်။
ယခု ဖမ်းဆီးခံ၇သူမှာ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်ပြိုဈေးအနီး ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ (DGFI) အရာရှိတစ်ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အလိုရှိနေသူ တစ်ဦးဖြစ်ကြောင်းDhaka tribune သတင်းကလည်း ရေးသားဖော်ပြထားသည်။
လက်ရှိ အချိန်ထိ အဆိုပါ ထောက်လှမ်းရေး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီးအာဆာအဖွဲ့ဝင် ၇ ဦးကိုလည်း ဖမ်းဆီးထားပြီဟု ဆိုသည်။
အဖမ်းခံရသည် အေရှာနိုမန်ချော်ဒူရီသည်အာဆာအဖွဲ့အတွက်နိုင်ငံတကာမှ တရားမဝင် လမ်းကြောင်းမှ ထောက်ပံ့သည့် ငွေကြေးများကိုလက်ခံစီမံနေသူ ဖြစ်ကြောင်းလည်း ရေးသားဖော်ပြကြသည်။ (NN-14)
Photo- Dhaka tribune