Preview

ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်းအနီးတွင် တွေ့ရှိသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် အမြန်ဆုံးဖယ်ရှားပေးရန် ဒေသခံများ တောင်းဆို

အောက်တိုဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2158
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှ ဝါးတောင်စစ်ဘေးရှောင်စခန်းအနီးတွင် တွေ့ရှိသည့် မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်တစ်လုံးကိုအမြန်ဆုံးဖယ်ရှားပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြကြောင်းသိရသည်။

အဆိုပါလက်နက်ကြီးကျည်သည်ဝါးတောင်စစ်ဘေးရှောင်စခန်းအနောက်ဘက် ၅ ဖာလုံအကွာရှိတောင်ကုန်းပေါ်တွင် မြေထဲစိုက်ဝင်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကတက်ဦးသွားတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဝါးတောင်စစ်ရှောင်စခန်းတာဝန်ခံဦးနိုင်ဝင်းထွန်းက "လက်နက်ကြီးကျဉ်က မြေကြီးထဲမှာတပိုင်း၊ အပြင်မှာတပိုင်းပေါ်နေတာပါ။  တစ်ယောက်မှအနားမကပ်ရဲကြဘူး။ အဲဒီဖက် မသွားကြနဲ့လို့တော့ သတိပေးပြောကြားထားပါတယ်"ဟုပြောသည်။

မပေါက်ကွဲသေးသည့်အတွက် မသိနားမလည်သူတစ်ဦးဦးကသွားရောက်ထိကိုင်မိပါက ပေါက်ကွဲနိုင်၍ အမြန်ဆုံးဖယ်ရှားပေးရန် သက်ဆိုင်ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တာဝန်ရှိသူများကိုအကြိမ်ကြိမ်တောင်းဆိုထားသော်လည်း ၂ လသာကြာမြင့်သွားပြီး မည်သူကမျှလာရောက်ဖယ်ရှားခြင်းမရှိသေးဟုလည်းဆိုသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ခမောင်း၊ လေကွိ၊ တဲ၀၊ ကင်ပိစသည့်ကျေးရွာများမှလူဦးရေ ၃၈၀ ဦးနှင့် အိမ်ခြေ ၆၀ ကျော်ရှိကြောင်း သိရသည်။

ယခုလက်နက်ကြီးကျည်တွေ့ရှိထားသည့်နေရာအနီးတဝိုက်သည် ပြီးခဲ့သည့်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၇ခိုင်တွင် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့်စစ်လက်နက်အကြွင်းကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦးသေဆုံးပြီး ၇၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ခဲ့ဖူးသည်။(NN-10)

 

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.