Preview

စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက ယနေ့ နံနက်အစော ၄ နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်နေ

အောက်တိုဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1457
ရခိုင် သတင်း

Breaking News
(ပြင်ပနှင့်အဆက်အသွယ်မလုပ်စေရန်ဆိုင်ပိုင်ရှင်များ၏ ဖုန်းများလည်း သိမ်းဆည်းခံထား၇)

နိရဥ္စရာ၊ အောက်တိုဘာ၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊စစ်တွေဟိုတယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက ယနေ့ နံနက်အစော ၄နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်နေကြောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

ယနေ့ အောက်တိုဘာ ၅ရက်၊ နံနက် ၄ နာရီမှစတင်ကာ စစ်တွေခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများစသည့်အင်အား ၁၀၀ ကျော်ခန့်သည် အဆိုပါဆိုင်ခန်းများသို့ ကားများဖြင့်လာရောက်ကာရုတ်တရက် ဝင်ရောက်ဖြိုဖျက်နေကြခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“သူတို့ရောက်တာနဲ့ ဆိုင်တွေရှေ့မှာပီနံအိတ်တစ်လုံးနှစ်လုံးချတယ်။ ပြီးတော့ ကျနော်တို့ကို ပစ္စည်းတွေသိမ်းတော့တဲ့။အဲလို ပြောပါတယ်။ အခု ကျနော်ပြောလို့ တစ်ခုလည်း မရဘူး။ကျနော့်ကိုတောင် ဖမ်းဖို့လိုက်နေကြတယ်။ သူတို့ဖြိုတဲ့ပုံတွေကိုလည်း ရိုက်လို့မရဘူး။ဖုန်းတွေကို အားလုံးသိမ်းထားပါတယ်။ ကျနော့်ဖုန်းတစ်လုံး  ကျန်နေခဲ့တာ။လာကတည်းကနေ အားလုံးနှိုးပြီး ဖုန်းတွေကို သိမ်းထားပါတယ်”ဟု ပြောသည်။

ယနေ့နံနက် ရနာရီကျော်အထိ သူတို့ ဖြိုဖျက်နေဆဲဟု ပြောသည်။




ဆိုင်ရှင်များအနေဖြင့်ဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်ချိန်မရလိုက်ဘဲ ဆိုင်အတွင်းနှင့်ဖြိုဖျက်နေသည့်ဧရိယာသို့ဝင်ရောက်ခွင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များကတားမြစ်ပိတ်ပင်ထားသည်ဟု ဆိုင်ရှင်များက ပြောသည်။

ယခုဖြိုဖျက်ခံနေရသည့်ဆိုင်ခန်းများသည် စစ်တွေဟိုတယ်ကမ်းခြေပတ်လမ်းရှိစားသောက်ဆိုင် ၁၆ ခုဖြစ်ပြီး များသောအားဖြင့်စားသောက်ဆိုင်များပါဝင်ကာ လက်ဘက်ရည်ဆိုင်နှင့် အအေးဆိုင်များဖြစ်ကြသည်။

စစ်တွေကမ်းနားလမ်းကိုတိုးချဲ့ရန်အတွက်ဟုဆိုကာ စည်ပင်က ပြီးခဲ့သည့်သြဂုတ်လ ၁၂ ရက်တွင်ဆိုင်ပိုင်ရှင်များကိုခေါ်ယူပြီး ဆိုင်များအားနှစ်ပတ်အတွင်းဖြိုချဖျက်သိမ်းခိုင်းထားသည်ဟု သိရသည်။

လက်ရှိတွင်အဆိုပါဆိုင်ခန်းများအား ဖယ်ရှားပါက ဆိုင်ခန်းပိုင်ရှင်များ၏မိသားစုများနှင့် ဝန်ထမ်းများ၏ မိသားစု ဘ၀များကိုငဲ့ညှာသနားသောအားဖြင့် ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန်အသနားခံစာတစ်စောင်ကိုလည်း သြဂုတ်လအတွင်းက မြို့နယ်စည်ပင်သို့တင်ပြခဲ့ကြသေးသည်။

စစ်တွေဟိုတယ်ကမ်းခြေပတ်လမ်းရှိစားသောက်ဆိုင်ပိုင်ရှင်များမှာ အဆိုပါနေရာ၌ မိမိစိတ်သဘေားထားအရကျူးကျော်ပြောင်းရွေ့နေထိုင်လာခြင်းမဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၁၂ -၂၀၁၃ ခုနှစ်၊ သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက မြို့နယ်စည်ပင်သာယာလှပရန်အတွက်ဝန်ကြီးချုပ်ဟောင်းဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံကစနစ်တကျနေရာချထားခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုင်ပိုင်ရှင်များက နိရဥ္စရာကို ပြောဆိုထားသည်။ (NN-16)

ဓာတ်ပုံ - ပေးပို့

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.