စစ်တွေမြို့ ဟိုတယ်အနီး ပင်လယ်ကမ်းခြေမှ အင်အားသုံးဖြိုဖျက်ဖယ်ရှားခံလိုက်၇သည့် စားသောက်ဆိုင် (၁၆)ဆိုင် အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် သက်ဆိုင်ရာကို စာရေးတင်ပြတောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။
အဆိုပါ စာကို ယနေ့ အောက်တိုဘာ ၅ ရက်နေ့စွဲဖြင့် စစ်တွေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဥပဒေနှင့် အညီ ငြိမ်းချမ်းစွာ စီတန်းစုဝေးခြင်းနှင့် စီတန်းလှည့်ခွင့်ရရန် တင်ပြထားသည်ဟု သိ၇သည်။
စီတန်းလှည့်လည်ခွင့်ကို အောက်တိုဘာ ရ ရက်မှ ၁၃ ရက်အတွင်း တစ်ရက်ရက်ကို လူဦးရေ ၅၀ ဖြင့် ပြုလုပ်ခွင့်ပြုရန် တင်ပြတောင်းဆိုထားသည်ဟု ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင် ဖြိုဖျက်ခံရသော နေရာပြန်လည်ရရှိရေး- (ဒို့အရေး)၊ ဖြိုဖျက်ခံရသော နေရာအနီး၌ မြေနေရာ အစားထိုးပြန်လည်ရရှိရေး- (ဒို့အရေး)တို့ကို ကြွေးကြော်သွားမည် ဖြစ်ပြီး စုရုံးဆန္ဒဖော်ထုတ်မည့်နေရာမှာ စစ်တွေမြို့၊ မေယုလမ်းရှိ အစိုးရရုံးရှေ့ရှိ ကားမှတ်တိုင်တွင် ပြုလုပ်မည်ဟု သိ၇သည်။
စားသောက်ဆိုင်ပိုင်ဆိုင်များအနေဖြင့် ချက်ချင်းဆိုင်များ ဖြိုဖျက်ခံရလိုက်ရသဖြင့် နေထိုင်စရာ မရှိ ဖြစ်နေ၍ ဆိုင်နေရာပြန်လည်အစားထိုးပေးရန် ဆိုင်ပိုင်ရှင်များက တောင်းဆိုထားသည်။
"အန်တီတို့ဘ၀က ပျက်စီးသွားပြီ။ သားသမီး ပညာရေး၊ ကျန်းမာရေးလည်း ဘာပိုက်ဆံနဲ့သင်၇အုံးမှာလဲ။ အန်တီတို့ဘ၀ပျက်တော့ အားလုံးပျက်သွားပြီလေ။ အန်တီတို့ကို သနားညှာတာမှုနဲ့ တောင်းဆိုချင်တယ်။ သင့်တော်တဲ့နေရာတစ်ခုမှာ အစားထိုး နေရာချပေးဖို့ အတွက် အသနားခံချင်တယ်" ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေဟိုတယ်ကမ်းခြေဆင်းလမ်းရှိ စားသောက်ဆိုင်ခန်း ၁၀ ကျော်ကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက်အစော ၄ နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးမျ
ဖြိုဖျက်ခံလိုက်ရသည့် စားသောက်ဆိုင်များမှာ The Corner၊ နိုင်ဂြီး၊ Global၊ Family၊Sevenသုံးလုံး၊ သန်းကျော်ဌေး၊ ဒေါ်ခင်လှရီ၊ Kသုံးလုံး၊ ဦးလှဖုန်းဆိုင်များ ဖြစ်သည်။
ဆိုင်ခန်းဖြိုဖျက်ခံရသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက"ကျမတို့မှာ မိုးတွင်းကြီး ကလေးတွေနဲ့သွားစရာနေရ လည်းမရှိဘူး။ ဗလာနတ္ထိဘ၀ဖြစ်သွားပြီ" ဟု ပြောသည်။
ယနေ့တွင် ဆိုင်ခန်းဖြိုဖျက်မည်ဟု ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက်လာဖြိုဖျက်ခံရသဖြင့် အခက်အခဲများစွာဖြစ်နေကြရသည်ဟု ဆိုသည်။
ဆိုင်ခန်းများကို အင်အားသုံးဖြိုဖျက်နေခဲ့စဉ် ဆိုင်ရှင်များအနေဖြင့် ဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်ချိန်မ ရလိုက်ဘဲ ဆိုင်အတွင်းနှင့် ဖြိုဖျက်နေသည့်ဧရိယာသို့ ဝင်ရောက်ခွင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ထားသည်ဟု ဆိုင်ရှင်များက ပြောသည်။
နောက်ထပ်ဆိုင်ရှင်တစ်ဦးက "အစ်မတို့မှာနေမယ့်နေရာလည်း မရှိတော့ဘူး။ နေရာထိုင်ခင်းတစ်ခုအသနားခံချင်
ထို့အပြင် ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ၏ မိုဘိုင်းဖုန်းတို့ကိုလည်း စစ်ကောင်စီကသိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ ပြန်လည်မပေးသေးကြောင်း သိရသည်။
ယခုဖြိုဖျက်ခံခဲ့ရသည့်ဆိုင်ခန်း
စစ်တွေကမ်းနားလမ်းကို တိုးချဲ့ရန်အတွက်ဟုဆိုကာ စည်ပင်က ဩဂုတ် ၂ ရက်တွင် ဆိုင်ပိုင်ရှင်များကိုခေါ်ယူပြီး ဆိုင်များအား နှစ်ပတ်အတွင်းဖြိုချဖျက်သိမ်းခို
အဆိုပါဆိုင်ခန်းများအား ဖယ်ရှားပါက ဆိုင်ခန်းပိုင်ရှင်များ၏ မိသားစုများနှင့် ဝန်ထမ်းများ၏ မိသားစုဘ၀များကို ငဲ့ညှာသနားသောအားဖြင့် ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန် အသနားခံစာတစ်စောင်ကိုလည်း သြဂုတ်လအတွင်းက မြို့နယ်စည်ပင်သို့ တင်ပြခဲ့ကြသေးသည်။
စစ်တွေဟိုတယ်ကမ်းခြေပတ်လမ်းရှိ စားသောက်ဆိုင်ပိုင်ရှင်များမှာ အဆိုပါ နေရာ၌ မိမိစိတ်သဘေားထားအရ ကျူးကျော် ပြောင်းရွေ့နေထိုင်လာခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၁၂ - ၂၀၁၃ ခုနှစ်၊ သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက မြို့နယ်စည်ပင်သာယာလှပရန်အတွက် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံက စနစ်တကျနေရာချထားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုင်ပိုင်ရှင်များက နိရဥ္စရာကို ပြောဆိုထားသည်။ (NN-8)