ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စစ်တွေ အပါအဝင် ရခိုင်က မြို့နယ်အချို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိ၇သည်။
စစ်တွေမြို့ ခိုင်သဇင်ပန်းခြံတွင် ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဆုချီးများချီးမြှင့်ခဲ့ကြောင်း သိရှိ၇သည်။
အလားတူ တောင်ကုတ်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် တောင်ကုတ်မြို့နယ် အတွင်းရှိ အသက် (၇၀) နှင့်အထက်ရှိသည့် ဆရာ၊ ဆရာ ၉၀ ကိုပူဇော်ခဲ့ပြီး ဖြေဖျော်ပွဲနှင့် မြတ်ဆရာပူဇော်ပွဲကို နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ ကျင်းပခဲ့သည်။
“ ဒီလိုလုပ်တာကတော့ ကျွန်တော့်အမြင်မှာ ကောင်းတယ်လို့ပြောချင်ပါတယ်။ အနည်းဆုံးတော့ မတွေ့တာ ကြာပြီဖြစ်တဲ့ ဆရာ၊ ဆရာမတွေကို စုံစုံညီညီတွေ့ရတယ်။ တစ်ဦးတစ်ယောက်ချင်း သွားတွေ့ဖို့ဆိုတာက လည်း မလွယ်ဘူးလေ ဒီလိုနေ့မျိုးမှ အားလုံးတွေ့ရဆုံ ဂါ၇၀ပြု ကန်တော့ရတာက အရမ်းကောင်းပါတယ်” ဟု မောင်တောမြောက်ပိုင်းတွင် တာဝန်ကျ နေသည့် ကျောင်းဆရာ တစ်ဦးမှပြောသည်။
ထို့အပြင် ကျောက်ဖြူမြို့ရှိ ကုမုဒြာခမ်းမတွင်လည်း (၁၅)ကြိမ်မြောက် မြတ်ဆရာကန်တော့ပွဲကို ယနေ့တွင် ကျင်းပခဲ့ကြသည်။
ကမ္ဘာ့ဆရာများအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီလ ပေးပို့သည့် သဝဏ်လွှာတွင် ဆရာ၊ ဆရာများသည် နိုင်ငံအနာဂတ်ကို ပုံဖော်သည့် ပန်းပု ပညာရှင်များဖြစ်ကြောင်း ဖော်ပြ ထားသည်။
“ ဘာကြောင့်လည်းဆိုရင် ဆရာ၊ ဆရာမများဟာ ပညာရေးကို လက်တွေ့ကျကျ ပုံဖော်ရတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဆရာ၊ဆရာမများဆိုတာက လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအနာဂတ်ကို ပုံဖော်ထုဆစ် ရတဲ့ ပန်းပုပညာရှင်များ ဖြစ်တယ်လို့တောင် ကျွန်တော် ညွှန်းဆိုချင်ပါတယ်။”
ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှစပြီး စစ်အာဏာရှင်အဆက်ဆက်ကြောင်း ပညာရေး လူစဉ်မမီ ဖြစ်ခဲ့ရပြီး အာဏာရှင်များစိတ်ကြိုက် ပုံဖော်ခဲ့သည့် ပညာရေးဖြစ်သည့်အတွက် အာဏာရှင် အငွေ့အသက်နှင့် အတွေးအခေါ်များသာ လွှမ်းမိုးသည့် ပညာရေး ဖြစ်ခဲ့ရကြောင်းလည်း အဆိုပါသဝဏ်လွှာတွင် ရေး သားထားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ကုလသမဂ္ဂ သပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO တို့မှ ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သတ်သည့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ၁၉၆၆ ခုနှစ် အောက် တိုဘာလ ၅ ရက်နေ့ကို အစွဲပြုပြီး ၁၉၉၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့တစ်ဝန်းတွင် အောက်တိုဘာလ ၅ ရက်နေ့ ကို ကမ္ဘာ့ဆရာများနေ့အဖြစ် အခမ်းအနားများ ကျင်းပလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ကို ၂၀၀၂ ခုနှစ်မှ နိုင်ငံတော်အဆင့်က ကျင်းပခဲ့သည့်အတွက် ယနေ့ကျ ရောက်သည့် ကမ္ဘာဆရာများနေ့မှာ ၂၂ နှစ်မြောက်ဖြစ်ကြောင်း သိရှိ၇သည်။
(NN-14)