Preview

စစ်တွေတွင် နှစ်ရက်အတွင်း သေနတ်ပတ်ခတ်မှုတစ်ကြိမ်နှင့် ဓားထိုးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး

အောက်တိုဘာ ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :2810
ရခိုင် သတင်း

စစ်တွေမြို့တွင် ညအချိန်၌ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုများနှင့် လူသတ်မှုများ ပေါများလာနေ၍ ညအချိန်မတော်တွင် ဆင်ဆင်ခြင်ခြင်သွားလာသင့်ကြောင်းပြောဆို


၇ခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နှစ်ရက်အတွင်း သေနတ်ပစ်ခတ်မှုတစ်ကြိမ်နှင့် ဓားထိုးမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏စာရင်းအ၇ သိ၇သည်။

အောက်တိုဘာလ ရက်၊ ညက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် သေနတ်ပစ်ခံ၇၍ ဖခင်ဖြစ်သူ ဦးမောင်စိန်တင်(၅၁) နှစ် သေဆုံးသွားပြီး သမီးဖြစ်သူမှာ သေနတ်ဒဏ်ရာများရရှိခဲ့၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေ၇ကြောင်း သိ၇သည်။

အလားတူ အောက်တိုဘာလ ရက်၊ ညကလည်း မင်းဂံရပ်ကွက်တွင် ဓားခုတ်ခံ၇၍ အမျိုးသားတစ်ဦးသေဆုံးသွားခြင်းဖြစ်သည်။

စစ်တွေမြို့တွင် ညအချိန်၌ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုများနှင့် လူသတ်မှုများ ပေါများလာနေ၍ ညအချိန်မတော်တွင် ဆင်ဆင်ခြင်ခြင်သွားလာသင့်ကြောင် စစ်တွေမှ လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။

"အသက်ကို ဉာဏ်စောင့်ပါတယ်။ ညအချိန်မတော်ရင် မသွားလာသင့်တော့ဘူး" ဟုပြောသည်။

စက်ရုံစုရပ်ကွက်တွင်ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရုံးအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအနီးအနားရှိ ဒေသခံတစ်ဦးက "အရင်ရက်တွေတုန်းကလည်း အဲဒီ ALP ရုံးနားက ပစ်ခတ်သံတွေကြား၇တယ်။ ဘာကြောင့်နဲ့ဖြစ်တာလဲတော့ မသိဘူး" ဟု ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အောက်တိုဘာလ ရက်၊ ညကလည်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားခုတ်ခံ၇၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေ၇သည်။

လက်ရှိအချိန်တွင် စစ်တွေမြို့၌ ခိုးမှု၊လုယက်မှု၊ လူသတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိနေပြီး မင်းမဲ့စရိုက်ဆန်နေကာ တရားဥပဒေစိုးမိုးမှုကင်းမဲ့လာနေသဖြင့် ဒုစရိုက်မှုများ တဖြည်းဖြည်း ပိုများလာသည်ဟု စစ်တွေမြို့ခံများက ဝေဖန်ကြသည်။

စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက "နေနည်းနည်းမှောင်ရင်တောင် လူရှင်းတဲ့နေရာတွေကို မသွားရဲတော့ဘူး။ စိုးရိမ်စိတ်တွေနဲ့ပဲသွားလာနေ၇တယ်" ဟုပြောသည်။

 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တွေတွင် ရာဇဝတ်မှုများ တိုးပွားလာနေပြီး မကြာခဏဆိုသလို လူသတ်မှု၊ လုယက်မှု၊ ခိုးမှုများဖြစ်နေသော်လည်း ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ နှိမ်နှင်း ခြင်းမရှိဘဲ ဖြစ်နေသည်မှာ တမင်တကာ မသိကျိုးကျွံ ပြုနေသလားဟု မေးစရာရှိနေကြောင်း မြို့ခံတစ်ဦးက ဝေဖန်ပြောဆိုသည်။

 

စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုများ၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတို့တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန် ရှာဖွေစုံစမ်းဖော်ထုတ်နိုင်ခြင်း အားနည်းလျက်ရှိနေသည်ဟုလည်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။ (NN-8)

 

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.