ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်က သက်ငယ်မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ သရက်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၆ ရက်၊ ညနေ ၇ နာရီခန့်က ဆော့ကစားနေသည့် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ် မောင်ကြည်လှဌေးက အဓမ္မပြုကျင့်ခဲ့သည်ဟု ပေါက်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ကလေးအိမ်ပြန်ရောက်တဲ့အခါ ကလေးပုံစံကတစ်မျိုးဖြစ်နေတော့ သူ့အမေက အလေးသွားခိုင်းတော့ သွေးတွေဆင်းလာတယ်။ စကားလည်း မပြောတတ်သေးဘူး။ ပတ်ဝန်းကျင်ကမြင်လိုက်လို့ သိသွားတာ။ အဲ့ကျင့်တဲ့သူက ဝန်ခံတယ်"ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စစ်ဆေးရန် ယမန်နေ့ညကပင် ဖမ်းဆီး ခေါ်ယူသွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက် နေ့လယ်ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ချဆိပ်ရပ်ကွင်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်မှာ မုန့်သွားဝယ်ပြီး ဆိုင်မှ အပြန်တွင် အသက် (၃၈) အရွယ် ဇော်ဝင်းမောင်ဆိုသူက ၎င်းကလေးငယ်အား လေးမျက်နှာဘုရားအနီး မြတန်းဆောင်တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေကျေးရွာမှ အသက် (၉)နှစ်အရွယ် ကျောင်းသူတစ်ဦးအား တစ်ရွာတည်းနေ ဝမ်းကွဲအစ်ကိုတော်စပ်သည့် ၁၇ နှစ်အရွယ် ရန်ထန်ရှိန်ဆိုသည့်လူငယ်က အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ULA/AA က ဖမ်းဆီးထားသော်လည်း ပြစ်ဒဏ်တစ်စုံတစ်ရာချမှတ်ခြင်းမရှိသဖြင့် ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ချမှတ်ရန်လည်း ‌ဒေသခံများက လိုလားနေကြသည်။

စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက "ကြားရတာ မကြားဝံ့မနာသာ။ ခုတလော အဲ့လို ခဏခဏဖြစ်သံကြားနေရတယ်။ တကယ်ကို ထိရောက်အောင်အပြစ်ဒဏ်ကြီးကြီးမားမားချစေချင်တယ်" ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း စစ်တွေမြို့တွင် မုန့်လက်ကောက်ရောင်းနေသည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးသည် မင်းဘာကြီးလမ်း၏ အဆောက်အဦတစ်ခုတွင် အဓမ္မပြုခံထားရသည့်လက္ခဏာများဖြင့် ရက်စက်စွာ အသတ်ခံခဲ့ရသည်။ (NN-11)

ဓာတ်ပုံ - အင်တာနက်

ဆက်စပ် သတင်းများ