Preview

ရခိုင်တွင် ရက်(၁၀၀)အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်လာသည့်မွတ်ဆလင် ၄၀ ကျော်ဖမ်းဆီးခံရ

အောက်တိုဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :1175
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင်ရက်ပေါင်း (၁၀၀)အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ချ်နိုင်ငံမှ အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင် (၄၆)ဦးနှင့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးတို့ဖမ်းဆီးခံလိုက်ရကြောင်း သိ၇သည်။

သူတို့ကိုဇူလိုင်လ (၁) ရက်မှ အောက်တိုဘာလ (ရ)ရက်အတွင်းမောင်တောနှင့်စစ်တွေမြို့နယ်များတွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိ၇သည်။

ဇူလိုင်တွင် ၂ ဦး၊ သြဂုတ်တွင် ၂၉ ဦး၊စက်တင်ဘာတွင် ၁၃ ဦးနှင့် အောက်တိုဘာလတွင် ၃ ဦး၊ စုစုပေါင်း ၄၇ ဦးဖြစ်သည်။

ယင်းအထဲတွင် တစ်ဘက်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့်မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိမှုအကြိမ်ရေ အများဆုံးဖြစ်ပြီး စစ်တွေမြို့နယ်တွင်လည်း ဖမ်းမိမှုတစ်ကြိမ်ရှိခဲ့သည်ဟု သိ၇သည်။

စစ်တွေမြို့နယ်တွင်ဆိုလျှင် စက်တင်ဘာလ ၂၃ ရက်က ဘုမေကျေးရွာရှိစစ်တွေ-ပလ္လင်ပြင်သွားလမ်းနှင့် ဘုမေကျေးရွာအုပ်စု၊ မှန်စီ-သက္ကေပြင်သွားလမ်းဆုံတို့တွင်မှန်စီရဲစခန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄ ဦးကိုဖမ်းမိခဲ့သည်။

မောင်တောမြို့နယ်တွင်ဆိုလျှင် ဂေါတူသာ၇ ချောင်း၀နှင့်မှိုဝင်ချောင်း၀အအကြားနေရာ၊ ပြင်ဖြူ ချောင်းအနီးနေရာနှင့် တောင်ပြိုလက်ဝဲ ခြံစည်းရိုးအနီးစသည့်နေရာများတွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ထုတ်ပြန်ချက်မှာမြေပြင်အခြေအနေနှင့် များစွာကွဲလွဲမှုရှိနေသည်ဟုလည်းမောင်တောမြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။

အလယ်သံကျော်ဆိုရင် အရေးခင်းတုန်းက ၂အိမ်လောက်ပဲ ကျန်တယ်။ အခုဆို တစ်ရွာလုံးပြည့်သွားပြီ။ ကြက်ရိုးပြင်တို့၊ဦးရှည့်ကျရွာတွေမှာလည်း ဒီအတိုင်းပဲ။ အားလုံးပြည့်သွားပြီ။ ဒါတွေက အစိုးရကို စာရင်းပေးပြီး ပြန်လာတာလား။ ဘယ်လိုပြန်လာတယ်ဆိုတာတော့မသိဘူး။ မြေပြင်အခြေအနေက ဒီတိုင်းပဲမြင်တယ်”ဟု ပြောသည်။

အောက်တိုဘာလ ရ ရက်က တောင်ပြိုလက်ဝဲ ခြံစည်းရိုးအနီးဖမ်းဆီးရမိသူမှာခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံကိုသွားရောက်ရန် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူဖြစ်ကြောင်း သိ၇သည်။

လက်ရှိတွင် အဆိုပါဖမ်းမိသူများအနက် အချို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုလူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားပြီး တချို့ကိုလည်း အမှုဖွင့်ရန် ထိန်းသိမ်းထားကြောင်းသိ၇သည်။ (NN-14)

ဓာတ်ပုံ - သြဂုတ်လ ၁၄ ရက်ကမောင်တောမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့၇သူ ၂၈ ဦးအား တွေ့၇စဉ်။ (Photo - မေယုဟစ်တိုင်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.