(ငတ်နေသူတစ်ချို့လည်း ရှိနေဟုဆို)
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ပြင်ပမှ ထောက်ပံ့ကူညီမှုများမရရှိ၍ စားသောက်နေထိုင်ရေးသည် အလွန်တရာ ခက်ခဲနေပြီး ငတ်နေသူတစ်ချို့တောင် ရှိနေသည်ဟု ကာယကံရှင်စစ်ဘေးရှောင်များက ပြောသည်။
ရသေ့တောင်မြို့ရှိဓမ္မာရုံစစ်ဘေးရှောင်စခန်းမှ မဆန်းဆန်းနုက"အပြင်မှာထွက်လုပ်ရအောင်လည်း အမြဲတမ်းမလုပ်ရဘူး။ လူတွေက ငတ်နေကြပြီ။ WFP ကရတဲ့ငွေနဲ့ဆန်ဝယ်တယ်။ အနီးအနားကဟင်းခူးစားတယ်။ အဝေးလည်း မသွားရဲဘူး။ နေ၇တာကလည်း ၉ ပေပတ်လည် အခန်းကျဉ်းမှာ တစ်မိသားစုနေရတယ်။ နေရထိုင်ရတာလည်းကျပ်တည်းတယ်။ လေကောင်းလေသန့် မရဘူး။ စားနပ်ရိက္ခာအတွက် ဖူလုံမှုရှိဖို့အဓိကလိုချင်ပါတယ်" ဟုပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းကိုပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၌ တည်ထောင်ထားခြင်းဖြစ်သည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင့်မြို့နယ်မှထီးစွဲ၊ ကျောက်တန်း၊ အောင်မြေကုန်း နှင့် သောင်းဒရားရွာစသည့်ကျေးရွာ ရ ရွာခန့်မှ အိမ်ထောင်စု ၁၈၁ စုရှိပြီး စုစုပေါင်းလူဦးရေ ၅၈၇ဦး ခိုလှုံနေထိုင်ကြသည်။
ရသေ့တောင်မြို့ရှိဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင်
အလားတူမြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း
ယင်းစစ်ဘေးရှောင်စခန်းတာဝန်ခံဦးမောင်မောင်သိန်းက "စာရေးသောက်ရေးတွေကျပ်တည်းတာပေါ့။ မဖူလုံလို့ အချင်းချင်း ချေးငှားပြီးစားရတယ်။အလုပ်တွေကရှားတော့လေ။ နေ့တိုင်းလည်း အပြင်ထွက်ပြီး မလုပ်ရဘူး"ဟုပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့မှ ဝေသာလီ၊ ပေါက်တောပြင်၊အုတ်ဖိုကန်၊ သရက်အုပ်၊ ရွာဟောင်းတောရွာတို့အပြင်ကျောက်တော်မြို့မှ ပြိုင်းတိုင်း၊ အောင်သာယာ၊ တောင်ပွယ်၊တင်းမတို့မှ အိမ်ထောင်စု ၁၆၀ ရှိပြီး စုစုပေါင်းလူဦးရေ ၆၇၃ ဦး ခိုလှုံနေထိုင်ကြသည်ဟု ၎င်းက ပြောသည်။
ထို့အတူကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်း
"လစဉ်ကြေး WFP ၃ သောင်းရတာလေးနဲ့စားနေရတာ။ လိုက်လို့မမှီတော့။ ရင်းနှီးတဲ့ သူတွေဆီက အကြွေးဝယ်တယ်။ပြန်မဆပ်နိုင်ရင် အပြောခံရတယ်။ သဘောထားချင်းမျှတတဲ့သူတွေဆို မပြောဘူးပေါ့။စောင့်ပေးကြတယ်။ ကားတစ်စီးဝင်လာရင် လှူဖို့လာတာလားဆိုပြီး ပျော်သွားတာမျိုးတွေရှိတယ်"ဟုပြောသည်။
အဆိုပါစခန်းတွင်အိမ်ထောင်စု ၇၀၂ စုနှင့် လူဦးရေ ၃ ထောင်ကျော်ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် စခန်းပြင်ပသို့ထွက်၍အလုပ်လုပ်မည်ဆိုပါက အလုပ်အကိုင်များမှာ အလွန်တရာ ရှားပါးလှသည့်အတွက်ရေရှည်တွင် အငတ်ဘေးများကြုံတွေ့၇နိုင်သည်ဟု ပြောကြသည်။
၂၀၂၁ ခုနှစ်၊ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးသည့်နောက်ပို
ရပ်ရွာအနီးနှင့်တောတောင်တို့တွင် စစ်ကောင်စီက မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းမျ