Preview

စစ်တွေကမ်းခြေမှ အင်အားသုံးဖယ်ရှားခံလိုက်ရသည့် ဆိုင်ခန်းပိုင်ရှင်များအတွက် စစ်ကောင်စီက မြေနေရာအစားထိုးချပေးမှုမရှိ၍ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေး

အောက်တိုဘာ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :845
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊စစ်တွေဟိုတယ်အနီး ပင်လယ်ကမ်းခြေမှ အင်အားသုံးဖြိုဖျက်ဖယ်ရှားခံလိုက်၇သည့် ဆိုင်ခန်းပိုင်ရှင်များအတွက်စစ်ကောင်စီက မြေနေရာအစားထိုးချပေးမှုမရှိ၍လုပ်ငန်းပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးဟု ဆိုင်ရှင်များက ပြောသည်။

ဖြိုဖျက်ခံလိုက်၇သော စားသောက်ဆိုင် ၁၀ဆိုင်ကို လက်ရှိအချိန်ထိ စစ်ကောင်စီက ပြန်လည်နေရာချထားပေးခြင်းမရှိသေး၍လုပ်ငန်းများပြန်လည် မလုပ်ဆောင်နိုင်သေးသလို စားဝတ်နေရေးများလည်း အခက်အခဲများနှင့်ရင်ဆိုင်နေ၇ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက "ဆိုင်ခန်းကိစ္စက ဘာမှအကြောင်းမပြန်သေးဘူးသူတို့ဆီက။ တခြားနေရာတွေမှာလည်းဆိုင်မရောင်းသေးဘူး။အခုနေရာကိုဖြိုလိုက်တဲ့အတွက် အဲဒီနေရာရှေ့လမ်းတစ်ဘက်ခြမ်းကနေရာကိုပြန်ချပေးမလားလို့ မျှော်ကိုးနေကြတာ။ အခက်အခဲတွေကတော့ပေါင်းစုံပဲ။ သားသမီးကျောင်းလခတွေလည်း မပေး၇သေးဘူး။ ကျနော်တို့ကတော့ဒီတစ်ပတ်အတွင်းမှာ နေရာအစားထိုးပြန်ချပေးဖို့ မျှော်လင့်နေကြတာပါ"ဟုပြောသည်။

ဖြိုဖျက်ခံလိုက်၇သည့် စားသောက်ဆိုင်များမှာThe Corner၊ နိုင်ဂြီး၊ GlobalFamily Sevenသုံးလုံး၊ သန်းကျော်ဌေး၊ ဒေါ်ခင်လှရီ၊ Kသုံးလုံး၊ဦးလှဖုန်းဆိုင်များ ဖြစ်သည်။

အဆိုပါ စားသောက်ဆိုင်ခန်း ၁၀ ခန်းကို စစ်ကောင်စီက အောက်တိုဘာလ၅ ရက်၊ နံနက်အစော ၄ နာရီခန့်မှစတင်ကာအင်အားအလုံးအရင်းဖြင့်လာရောက်ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ဖြိုချက်ခံလိုက်၇သည့်စားသောက်ဆိုင်အချို့သည် လုပ်ငန်းပြန်လည်မလည်ပတ်နိုင်သေး၍ နေရေးထိုင်ရေး၊စားရေးသောက်ရေး၊ သားသမီးပညာရေး အခက်အခဲပေါင်းများစွာဖြင့် ကြုံတွေ့နေရသည်ဟုနေအိမ်ဆိုင်ခန်းအဖြိုခံ၇သည့်ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။

"
အရမ်းအခက်အခဲဖြစ်နေတယ်။ နေမယ့်နေရာ၊ သွားမယ့်နေရာလည်းမရှိဘူး။ မိုးရာသီမိုးရွာတော့ နေစရာနေရာလည်းမရှိဘူး။ ပစ္စည်းတွေလည်းထားစရာနေရာမရှိဘူး။သားသမီးတွေပညာရေးအတွက်လည်း လစာမပေးနိုင်ဘူး။ အလုပ်သမားတွေကိုလည်းပိုက်ဆံမပေးနိုင်ဘူး" ဟု ပြောသည်။

အဆိုပါအဖြိုဖျက်ခံလိုက်၇သည့် စားသောက်ဆိုင်များတွင်အလုပ်လုပ်နေသည့် ဝန်ထမ်း ၅၀ ခန့်မှာလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

အဆိုပါ ဆိုင်ခန်းအဖြိုခံလိုက်ရသည့်ဆိုင်ခန်းပိုင်ရှင်များအား နေရာအစားထိုးရောင်းချခွင့်ပေးရန် ပြည်နယ်စစ်ကောင်စီအားအကြိမ်ကြိမ်စာရေးတောင်းဆိုထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေးကြောင်းဆိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းများကို ဖြိုဖျက်ခဲ့စဥ်ကစစ်တွေခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများ စသည့် အင်အား ၁၀၀ကျော်ခန့်သည် အဆိုပါဆိုင်ခန်းများသို့ကားများဖြင့်လာရောက်ကာဘော်ဒူဇာများဖြင့် ရုတ်တရက်ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်ဟုဆိုင်ပိုင်ရှင်များက ဆိုကြသည်။

ဆိုင်ခန်းများကို အင်အားသုံးဖြိုဖျက်နေခဲ့စဉ်ဆိုင်ရှင်များအနေဖြင့် ဆိုင်အတွင်းရှိပစ္စည်းများကိုလည်းယူဆောင်ချိန်မ၇လိုက်ဘဲ ဆိုင်အတွင်းနှင့်ဖြိုဖျက်နေသည့်ဧရိယာသို့ဝင်ရောက်ခွင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များကတားမြစ်ပိတ်ပင်ထားသည်ဟု ဆိုင်ရှင်များကပြောသည်။

စစ်တွေကမ်းနားလမ်းကိုတိုးချဲ့ရန်အတွက်ဟုဆိုကာ စည်ပင်က ဩဂုတ် ၁၂ ရက်နေ့တွင် ဆိုင်ပိုင်ရှင်များကိုခေါ်ယူပြီးစစ်တွေဟိုတယ်အနီးရှိ ဆိုင်ခန်း ၁၆ ခန်းအား နှစ်ပတ်အတွင်းဖြိုချဖျက်သိမ်းခိုင်းထားသည်ဟု သိ၇သည်။

သို့ရာတွင် လက်ရှိဆိုင်ခန်း ၁၀ ခန်းအဖြိုခံ၇ပြီးကျန် ဆိုင်ခန်း ၆ ခန်းမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြိုဖျက်ခြင်းမခံရကြောင်းကိုမသိရကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

စစ်တွေဟိုတယ်ကမ်းခြေပတ်လမ်းရှိ စားသောက်ဆိုင်ပိုင်ရှင်များမှာအဆိုပါ နေရာ၌ မိမိစိတ်သဘေားထားအ၇ ကျူးကျော်ပြောင်းရွေ့နေထိုင်လာခြင်း မဟုတ်ဘဲပြီးခဲ့သည့် ၂၀၁၂ - ၂၀၁၃ ခုနှစ်၊သမ္မတဦးသိန်းစိန် လက်ထက်ကတည်းကမြို့နယ်စည်ပင်သာယာလှပရန်အတွက်ဝန်ကြီးချုပ်ဟောင်းဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံကစနစ်တကျနေရာချထားခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုင်ပိုင်ရှင်များက နိရဉ္စရာကိုပြောဆိုထားသည်။

ဓာတ်ပုံ- နိရဉ္စရာနှင့် The Corner facebook

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.