(ကျူးလွန်သူအား AA ကဖမ်းဆီးထား)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊လိပ်မကျေးရွာတွင် စိတ်မနှံ့သည့် မိန်းကလေးတစ်ဦးအဓမ္မ ပြုကျင့်ခံရပြီး ကျူးလွန်သူကိုရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးထားကြောင်းသိရသည်။
ဖမ်းဆီးခံရသူမှာပြုကျင့်ခံ၇သည့် မိန်းကလေးနှင့် တစ်အိမ်ခြားတွင် နေထိုင်သည့် ဦးညီလှမောင်(၆၆)နှစ်ဖြစ်ကြောင်း သိ၇သည်။
သူသည် ပြီးခဲ့သည့်စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်က လိပ်မကျေးရွာမှ စိတ်မနှံ့သူ အသက် ၂၂နှစ်အရွယ် မိန်းကလေးတစ်ဦးအား နေအိမ်အတွင်း မိသားစုဝင်များမရှိချိန်အဓမ္မကျူးလွန်ခဲ့သည်ဟု သိ၇သည်။
လိပ်မကျေးရွာမှ ရပ်မိရပ်ဖဦးမောင်စောသိန်းက "ကလေးမက အဲ့ဒီအိမ်မှာ သူ့မြေးတွေနဲ့တူတူဆော့ပြီးနေ့တိုင်းလိုလို နေတာ။ သမီးက အပျိုပါ။ စကားမပြောတတ်ဘူး။ စိတ်လည်း မမှန်ဘူး။အဲ့နေ့က အိမ်မှာတစ်ယောက်မှမရှိတုန်း ကျူးလွန်ခဲ့တယ်။ ဖြစ်တဲ့နေ့ကနေပြုကျင့်ခံရတဲ့အိမ်က သိတယ်။ ဒါပေမယ့် ရှက်လို့မတိုင်ရဲကြဘူး။ ဒီရက်ပိုင်းမှပတ်ဝန်းကျင်ကပြောတာနဲ့ တပ်တော်ကို တိုင်လိုက်တာ"ဟု နိရဥ္စရာကိုပြောသည်။
ကျူးလွန်ခံရသူမိသားစုဝင်များကရှက်ကြောက်၍ တစ်စုံတစ်ရာတိုင်ကြားခြင်းမရှိ
လက်ရှိတွင်ပြစ်မှုကျူးလွန်သူကိုယ်တိုင်က သူကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟုလည်း သူကဆက်ပြောသည်။
ဦးမောင်စောသိန်းက"သူက ဝန်ခံတယ်။ အစကဝန်မခံဘူး။ အထက်မှာ လိမ်လို့မရတဲ့ ပစ္စည်းတွေရှိတယ်ပြောမှ။ ကျနော့်အနေနဲ့ဒါဟာ ကိုယ်ချင်းစာစိတ်မရှိဘူးလို့မြ
ရခိုင်တွင် ယခုနောက်ပိုင်းအဓမ္မကျူးလွန်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ယင်းအထဲတွင်စိတ်မနှံ့သူများ၊ မသန်စွမ်းသူများနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များပင်ပါဝင်လျက်ရှိသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ်တွင် လေဖြန်းနေသည့် အမျိုးသမီးသည်အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု သိ၇သည်။
အလားတူ အောက်တိုဘာလ၁၂ ရက်ကလည်း ပေါက်တောမြို့နယ်၊ တောင်ပုက္ကေကျေးရွာတွင်လည်း လေဖြန်းပြီးစိတ်မနှံ့ဖြစ်နေသည့် အိမ်ထောင်မရှိသူ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအဓမ္မပြုကျင့်ခံလိုက်၇သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ၆ ရက်ကလည်း ပေါက်တောမြို့နယ်၊ သရက်ကျေးရွာတွင် ဆော့ကစားနေသည့် ၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့
အလားတူ မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များတွင်လည်း အဓမ္မမှုအချို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်များအားလုံးတွင်ပြစ်မှုကျူးလွန်သူများနှင့် ကျူးလွန်သည်ဟု သံသယရှိသူများကို AA ကဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
ရခိုင်တွင်ယခုကဲ့သို့ အဓမ္မမှုများလာခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မဖွယ်မရာ ညစ်ညမ်း ဗီဒီယိုရုပ်သံများကြောင့် ဖြစ်လာခြင်းကြောင်း ဒေသခံများကပြောကြသည်။ (NN-11)