Preview

ULA၏ အချုပ်အတွင်း သေဆုံးသွားသည့်လူငယ်အမှု မိသားစုများမှ တရားစွဲဆိုခွင့်ရရန်စီစဉ်

အောက်တိုဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :2168
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်ဆိုင်ကယ်ခိုးသည်သံသယဖြင့်ဖမ်းဆီးခံထား၇သည့်လူငယ်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိအောင်ကျူလွန်သူများအားတရားစွဲဆိုနိုင်ရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ကစီစဉ်နေသည်ဟုသတင်းရရှိသည်။

သေဆုံးသူ ကိုအောင်နိုင်(၂၄) နှစ်၏ မိဘများဖြစ်သည့် ဦးမောင်သန်းချေနှင့် ဒေါ်သိန်းရွှေရီတို့ကို မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့သို့ ULA တာဝန်ရှိသူများက အောက်တိုဘာ ၁၇ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"အဲ့ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေပေါ့လေ သူတို့ကို တရားစွဲဆိုဖို့ကိစ္စလို့ ပြောပါတယ်။ မိသားစု ဝင်တွေကိုခေါ်တွေ့တာပါ။ အသေးစိတ် ဘာတွေ ပြောဆိုဖြစ်ကြလဲတော့ ကျနော်မသိပါဘူး။ အခုထိတော့ ိမ်ပြန် မရောက်သေးဘူး"ဟု ၎င်းက အောက်တိုဘာ ၁၈ ရက်၊ ညနေက ပြောသည်။

ကိုအောင်နိုင်သည် ကျောက်ဖြူမြို့နယ် ပန်းတောပြင်အုပ်စု၊ ကျွဲတဲကျေးရွာမှ ဆိုင်ကယ်ခိုးသည်ဟု သံသယဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေး ခံ၇ပြီးနောက် အချုပ်အတွင်း သေဆုံးသွားသည်။

သေဆုံးသွားသည့်လူငယ်အမှုမှ တာဝန်ရှိ ရဲမှူးနှင့် တပ်ဖွဲ့ဝင်များအား တရားစွဲဆိုရန် သေဆုံးသူ၏မိဘများကို ULA/AA က ခေါ်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။

ဇွန်လ ၂၂ ရက်က ကျောက်ဖြူမြို့၊ စံပြဈေးနား ဆိုင်ကယ်တစ်စီးအခိုးခံ၇မှုအား ULA  ကျောက်ဖြူနယ်မြေ ရဲစခန်းကို ဆိုင်ကယ်ပိုင်ရှင်က လာရောက်တိုင်ကြားသည့် အတွက် ကိုအောင်နိုင်ကို ဆိုင်ကယ်ခိုးမှုသံသယဖြင့် စက်တင်ဘာလ  ရက်တွင် ULA/AA ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

သူနှင့်အတူ နောက်ထပ်နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ဖြင့် ULA/AAက အမှုဖွင့် စစ်ဆေးမှုများလုပ်နေစဉ် ကိုအောင်နိုင်သည် အချုပ်ထဲမှ ထွက်ပြေးသည့်အတွက်ဟုဆိုကာ ULA/AA ရဲတပ်ဖွဲ့ဝင်များက ကြမ်းတမ်းစွာ ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် ရှော့ခ်ဖြစ်ကာ သေဆုံးသွားသည်ဟု ULA/AA ပြောခွင့်၇သူ ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းနောက် အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်တွင် ရင်ခွဲထားသည့် ရုပ်အလောင်းကို AAတပ်သား ဦးက မိဘများထံ ပေးပို့ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို အရေးယူသွားမည်ဟု ULA/AA ပြောခွင့်၇ဦးခိုင်သုခက အောက်တိုဘာ ၁၃ ရက်တွင် နိရဥ္စရာကို ပြောဆိုထားသည်။ 


"အဲဒီမှာ ပါဝင်ပတ်သက်တဲ့ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမှုတွေ ဆက်လုပ်နေပြီ။ တာဝန်ရှိတဲ့လူတွေကိုတော့ ကျနော်တို့အဖွဲ့ရဲ့ စည်းမျဉ်း၊ စည်းကမ်းအ၇ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။ 

ကိုအောင်နိုင်၏ဖခင်က အမှန်တကယ်ခိုးမှုမြောက်ပါက ထိုက်သင့်သည့် အပြစ်ဒဏ်သာပေးသင့်ပြီ သေဆုံးသည်အထိ ဖြစ်ပွားခဲ့မှုအပေါ် တူညီသည့် ပြစ်ဒဏ်ကိုလိုလားကြောင်း နိရဥ္စရာကို အောက်တိုဘာ ၁၃ ရက်က ပြောဆိုထားသည်။ 

ULA/AA က လက်ရှိ ခေါ်ယူစစ်ဆေးသည့် အခြေအနေများအား သိရှိနိုင်ရန် ကိုအောင်နိုင်၏ မိဘများကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ (NN-7)

 

ဓာတ်ပုံ - ပေးပို့

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.