Preview

လုံခြုံရေးအခြေအနေကြောင့် စစ်တွေသီတင်းကျွတ်ပွဲတော် ဇာတ်နှင့် ပျော်ပွဲရွှင်ပွဲ ထည့်သွင်းကျင်းပမည်မဟုတ်ဟုဆို

အောက်တိုဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :1359
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လုံခြုံရေးအခြေအနေကြောင့် လာမည့်သီတင်းကျွတ်ပွဲတော်၌ ညပွဲအဖြစ် ဇာတ်ပွဲနှင့် ပျော်ရွှင်ပွဲများကို ထည့်သွင်းကျင်းပမည်မဟုတ်ဟု အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဒုတ်က နိရဉ္စရာကို ပြောသည်။

"ဦးလေးတို့ အရင်နှစ်တွေကလည်း ပါမစ်လျှောက်တာပေါ့နော်။ ၃ နှစ်လောက်လျှောက်ခဲ့တယ်။ မကျဘူး။ ဒီနှစ်လည်း ညပွဲမချချင်တော့ဘူး။ တာဝန်လည်း မယူချင်တော့ ဒီနှစ်က မလျှောက်လိုက်တာ။ စစ်တွေမြို့အခြေအနေကြောင့်လည်းပါတယ်။ လုံခြုံရေးကရော ဘယ်သူတာဝန်ယူမလဲ ဆိုပြီးတော့ပေါ့"ဟု ပြောသည်။

စစ်တွေမြို့၏ သီတင်းကျွတ်ပွဲတော်ကို ရွာကြီးတောင်ရပ်ကွက်ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကပါကွင်းတွင် သီတင်းကျွတ်လဆန်း ၁၄ ရက်(အောက်တိုဘာ ၂၈ ရက်)မှ လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၃၀ ရက်)အထိကျင်းပမည်ဖြစ်ပြီး လပြည့်နေ့ နံနက်ပိုင်း၌ ဆွမ်းတော်ကြီးလောင်းပွဲနှင့် ညနေပိုင်းတို့တွင် ဘုရားကြီးအား ပန်း၊ ဆီမီးကပ်လှူခြင်းတို့သာ ပြုလုပ်သွားမည် သူက ပြောသည်။



စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တွေတွင် သေနတ် ပစ်ခတ်သေဆုံးမှုများနှင့် အတူ ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး လုံခြုံရေး စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိ၇သည်။

ညပွဲများကို ထည့်သွင်းပြုလုပ် ကျင်းပပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သဖြင့် လက်ရှိတိုင်းပြည် မငြိမ်မသက်ကာလတွင် ဝါကျွတ်ပွဲတော်ကို ညပွဲမပါဘဲ ကျင်းပခြင်းက ပိုမိုသင့်တော် ကောင်းမွန်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

နှစ်စဉ် စဉ်လာမပျက်ကျင်းပတတ်သည့် စစ်တွေသီတင်းကျွတ်ပွဲတော်ကို တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ ခုနှစ်မှစတင်ကာ ယခုနှစ်အထိ ဇာတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်းမရှိဖြစ်နေရသည်။

စစ်တွေတွင် ယခင်ကဆိုလျှင် သီတင်းကျွတ်ကာလကျရောက်လာတိုင်း ဘုရားကြီးဂေါပကနှင့် ဦးရဲကျော်သူကျောင်းဂေါပကအဖွဲ့တို့က အရုပ်ကြီးများဖြင့် မြို့ပတ်လှည့်လည်တတ်ကြသလို ဘုရားကြီးရှေ့ရှိ ဝင်္ကပါကွင်းတွင်လည်း ဈေးရောင်းပွဲတော်များ၊ ဇာတ်သဘင်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အလွန်တရာစည်ကားတတ်ကြောင်း မြို့ခံများက ပြောသည်။(NN -13)

ဓာတ်ပုံ - ၂၀၂၀ ပြည့်နှစ်က စစ်တွေသီတင်းကျွတ်ပွဲတော်မြင်ကွင်း။

#လုံခြုံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.