Preview

AA ကို NCAတွင် ပါဝင်ရန်ပြောဆိုမှုသည် လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးကွဲစေရန် ရည်ရွယ်ခြင်းဟု NUG ဆို

အောက်တိုဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :2886
ရခိုင် သတင်း

ရက္ခိုင့်တပ်တော် (AA)ကိုတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ထဲတွင် ပါဝင်ရန် လိုအပ်သည်ဟုပြောဆိုမှုမှာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား သွေးကွဲအောင် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုး၇ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောမှ နိရဥ္စရာ သတင်းဌာနကို ပြောဆိုသည်။

 

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်  NCA ထဲ ပါဝင်၇န အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်ခဲ့သည့ NCA () နှစ်ပြည့်အခမ်းအနားပွဲတွင်ပြောဆိုခဲ့ပြီးနောက် ရက္ခိုင့်တပ်တော်(AA) သည်လည်း NCA ထဲတွင်ပါဝင်ရန်လိုအပ်ကြောင်း ၇ခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနအား ပြောကြားခဲ့သည်။

 

ဦးကျော်ဇော က စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်မှာ NCAဆိုတာမရှိတော့ဘူးစစ်တပ်က လိုက်နာမှုမရှိဘူး သူကနိုင်ငံတော် အစိုး၇လည်းမဟုတ် ွှတ်တော်လည်းမဟုတ် သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးလက်မှတ် ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအထဲမှာ မြေပြင်မှာအင်အားကြီးနေတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲတွေ အများစုမပါဘူးAA တို့လည်းမပါဘူး ကျွန်တော်တို့ အင်အားစုတွေကြား ထဲမှာသွေးကွဲအောင်၊ တိုင်းရင်းသားအဖွဲ့တွေကြားထဲမှာ သွေးကွဲအောင် လုပ်ဖို့ကြိုးစားနေတယ် အဲ့ဒါကို သတိကြီးကြီးထားပြီးတော့ လုပ်၇မယ်ဟု ပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးကွဲအောင် ရန်တိုက်ပေးသည့် နည်းဗျူဟာကို သုံးနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သဘောထားမမှန်မှုကို သိရှိနားလည်ထားပြီဖြစ်သဖြင့် သူတို့ ချမှတ်ထားသော မူဝါဒလမ်းစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းမည်ကို ယုံကြည်သည်ဟု ၎င်းက ပြောကြားသည်။

 

တော်လှန်ရေးအင်အားစုတွေကြားထဲ သွေးကွဲအောင်လုပ်လိုတဲ့အပြင် ကိုယ့်တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားထဲမှာလည်းသွေးကွဲအောင်ရန်တိုက်တဲ့အနေအထားနဲ့ အသုံးချဖို့ကြိုးစားတဲ့ အနေအထားကို တွေ့၇တယ်ပေါ့နော်..... ဒေါက်တာအေးမောင်တို့က။ ဒါပေမယ့်  အင်အားကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်တပ်ရဲ့အနေအထားနဲ့ မရိုးသားတဲ့ သဘောထားကို သိပြီးသားဆိုတော့ NCA လမ်းကြောင်းမှာပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူး ကိုယ့်ရဲ့ချမှတ်ထားတဲ့ပေါ်လစီ မူဝါဒ လမ်းကြောင်းအတိုင်းဘဲ ဆက်လက်စွဲကိုင် တိုက်ပွဲဝင်သွားမယ် ဆိုတာ အလေးအနက် ယုံကြည်ပါတယ်ဟု ပြောသည်။



 

အမျိုးသားညီညွတ်ရေးအစိုး၇ (NUG)  သည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ( ULA/AA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးနှင့်ထိတွေ့ ဆက်ဆံဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း  စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် တိုင်းရင်းသားများတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေးတို့ အတွက် တိုက်ပွဲဝင်လျက် ရှိကြောင်းလည်း ဦးကျော်ဇောကပြောသည်။

 

 ULA/AA အပါ အဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံအားဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရန်တိုက်ပွဲဝင်လျက်ရှိပြီး စစ်အာဏာရှင်စနစအမြစ်ပြုတ်မှသာလျှင်စစ်မှန်သော ဒီမိုကရေစီကို ရရှိနိုင်မည်ကို ယုံကြည်ထားသည့် အတွက် ဘုံရန်သူ စစ်အာဏာရှင်ကို အတူတကွ လက်တွဲ တိုက်ပွဲ ဝင်နေကြခြင်း ဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

 

၇ခိုင်ပြည်နယ်တွင် ULA/AA သည်အုပ်ချုပ်ရေး တရားစီရင်ရေးတို့အား ဖော်ဆောင်နေသကဲ့သို့ ချင်းပြည်နယ် တွင်လည်းချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ  ချင်းပြည်နယ် ကြားဖြတ်အစိုး၇တစ်ရပ် တည်ဆောက်ရန်ကြိုးစားနေသောကြောင့်  အင်မတန် အားရစရာကောင်းနေကြောင်းလည်း၎င်းကပြောဆိုသည်။

 

ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာဆိုရင် ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေရှိတယ်ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် တွေရှိတယ်။အာဏာကို ခွဲဝေကျင့်သုံးလို့တယ်။ တရားစီရင်ရေးတို့မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ရှိတာပေါ့။ဖက်ဒရယ် ဒီမိုကရေစီလုပ်ငန်းစဉ်အရလုပ်ဆောင်၇မယ့်အပိုင်းတွေမှာ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာ တွေ့၇ပါလိမ့်မယ် ဟုသူကပြောသည်။

 

NUG သည် PDF တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများတွင် တရားစီရင်ရေးများ အုပ်ချုပ်ရေး ကဏ္ဌများ လုပ်ဆောင်နေကြောင်းလည်းသိ၇သည်။

 

 ဒေါက်တာအေးမောင် AA နှင့် ပတ်သက်ပြီး ပြောဆိုရာတွင် AA အနေဖြင့် က်နက်ကိုင်၇သည့်  မော်ဒန်လေးများ ရှိနိုင်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးသမိုင်းရှည်ကြာသည်နှင့်အမျှ လူထုသည် ယုံကြည်မှု လျှော့ကျ လာနိုင်ကြောင်း၊တော်လှန်ရေး ဆိုသည်မှာ အချိန်တိုတိုအတွင်း ပန်းတိုင်းသို့ ရောက်သွားပါက အောင်မြင်ကြောင်းလည်း ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA) သည် လက်ရှိတွင် လက်နက်ကိုင်အင်အားသုံးသောင်းကျော်အထိရှိနေပြီး ရခိုင်ပြည်နယ် အတွင်း မြို့ပေါ်နေရာများမှအပ ပြည်နယ်၏ နယ်မြေ ၆၀ ရာနူန်းကိုထိန်းချုပ်ထားကာ အုပ်ချုပ်ရေး၊ တရားစီရင်များကို ခိုင်မာအောင်လုပ်ဆောင်လျက် ရှိနေကြောင်းသိရှိ၇သည်။ NN-15

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.