Preview

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောမှ EPC ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :2872
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ၇ခိုင်ပြည်နယ်၊ မောင်တောင်မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့မှ လျှပ်စစ်ဝန်ထမ်း ၂ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိ၇သည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ ကျောက်တော်မြို့ပေါ်မှဖြစ်ပြီးတောင်ပြိုလက်ဝဲမြို့တွင် တာဝန်ကျနေသည့် လျှပ်စစ် EPC ဝန်ထမ်းများဖြစ်ကြောင်းသိ၇သည်။

သူတို့ကို ယမန်နေ့အောက်တိုဘာ ၂၃ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုကျောက်တော်ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"မနေ့ကညကဖမ်းသွားတယ်ကြားတယ်။ စစ်သားတွေက လိုက်ဖမ်းတာ။ စစ်တပ်က ဖမ်းတာ"ဟုပြောသည်။

၎င်းတို့နှစ်ဦးကိုရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာတောင်ပြိုလက်ဝဲမြို့ရှိ EPC ဝန်ထမ်းအိမ်ရာမှတဆင့်စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုဖမ်းဆီးခံရသူ၏ဆွေမျိုးတော်စပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

"သူတို့နေတဲ့နေရာကိုဝင်ပြီးမွှေသွားတာ။ AA နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာ"ဟု ပြောသည်။

ဖမ်းဆီးခံ၇သူများကို တောင်ပြိုလက်ယာရှိစစ်တပ်တစ်ခုတွင် ထိန်းသိမ်းထားကြောင်းသိ၇ပြီး နောက်ဆက်တွဲသတင်းကိုနိရဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။ (NN-11)

 

ဓာတ်ပုံ- တောင်ပြို ပြန်/ဆက်

#AA#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.