ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဂျပန်အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ လက်နက်ကြီးကျ၍ သေဆုံးခဲ့ကြရသည့် ကချင်သွေးချင်းများ၏ မိသားစုများသို့ အလှူငွေ ယန်းတစ်သိန်းလှူဒါန်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 805

ဂျပန်အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) ANDP-Japan မှ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအတွင်း ကျ၍  ကွယ်လွန်ခဲ့ကြရသည့် ကချင်သွေးချင်းမျာ၏ ကျန်ရစ်သူမိသားစုများသို့  ဂျပန်ယန်းငွေ တစ်သိန်း လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်းငွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဂျပန်အခြေစိုက် မဟာမိတ်  ကချင်အမျိုးသားရေးရာ အစည်းအရုံး (KAO-Japan)မှတာဝန်ရှိသူများထံ လွဲအပ်လှူဒါန်းပေးခဲ့သည်ဟု သိရသည်။

အဆိုပါလှူဒါန်းမှုနှင့်ပတ်သက်ပြီး ANDP-Japan မှ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ၏ စစ်တပ်မှ လက်နက်ကြီးဖြင့် လူမဆန်စွာ ပစ်ခတ်ခဲ့မူကြောင့် ကချင်ပြည်နယ်၊ Munglai Hkyet (IDPs)နှင့် Liza ပြည်သူ့ဆေးရုံးကြီးတွင ကလေးသူငယ်များ ထိခိုက်ဒဏ်ရာ၍ အသက်သေဆုံးသူများစွာ ရှိခဲ့ပါကြောင်း၊ မိမိတို့ ANDP-Japan အနေဖြင့် ထိခိုက်ဒဏ်ရာရပြည်သူများနှင့် အသက်ပေးဆပ်လိုက်ရသည့် သွေးချင်းကချင်ပြည်သူများနှင့် အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊  မဟာမိတ်သွေးချင်းညီနောင်များအား လူသားချင်းစာနာမှုဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် ANDP-Japan မှ အလှူငွေ ယန်း ၁၀၀၀၀၀(ယန်း ဆယ်သောင်း)ကို ဂျပန်အခြေစိုက် မဟာမိတ်  ကချင်အမျိုးသားရေးရာအစည်းအရုံး (KAO-Japan)မှတာဝန်ရှိသူများထံ လွဲအပ်လှူဒါန်းပေးခဲ့ပါကြောင်း ဖော်ပြထားသည်။


၎င်းပြင် "မဟာမိတ်သွေးချင်း ညီနောင်များ၏ တရားသောစစ်ပွဲများ အောင်မြင်ပါစေ" နှင့် "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဟု ဆုမွန်ကောင်းတောင်းပါကြောင်း   ကိုသန်းမြင့် (ပြန်ကြားရေးမှူး) ANDP-Japan ၏ ထုတ်ပြန်သော စာတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်နေ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်ဖြင့် အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာတွင် အပြစ်မဲ့ ကလေးငယ်များ အပါအဝင် ကချင်ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရသည်သာမက ၎င်းစစ်ကောင်စီ လက်နက်ကြီးကျည်သည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ AA တပ်စခန်းတစ်ခုကို ကျရောက်ပေါက်ကွဲခဲ့၍ တပ်သား မောင်ဘိုဆန်း ကျဆုံးခဲ့ရသည်။

ယင်းအပြင် စက်တင်ဘာလ(၂၈) ရက်ကလည်း မြန်မာစစ်တပ်၏ ခါယာတောင်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ၊ လက်နက်ကြီးကျည်သည် လိုင်ဇာရှိ AA မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးသွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-30)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!