ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်တကျော့ပြန်တိုက်ပွဲကာလအတွင်းက အသတ်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးရွာမှ ရွာသား ၉ဦးအတွက် တစ်နှစ်နီးပါးကြာသည်အထိ တရားမျှတမှု တစ်စုံတစ်ရာမရရှိသေးဟု ရွာသားများကပြောသည်။
နစ်နာဆုံးရှုံးခဲ့ရသည့်ရွာသားမျ
“ကျမတို့ရွာမှာအရင်ကအတိုင်းပါပဲ။ ပျက်စီးသွားတာကိုပြုပြင်ပေးတာမျို
ဆင်အင်းကြီးရွာနှင့် ပဒေသာကျေးရွာကြားရှိရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်၊ နံနက်ပိုင်းက ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကိုရက္ခိုင့်တပ်တော်(AA)ကမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ စစ်သားအများအပြားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သိ၇သည်။
ယင်းနေ့ညနေပိုင်းတွင်အဆိုပါ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီးကျေးရွာသို့ဝင်ရောက်
သေဆုံးသွားခဲ့သူများမှာအသက် ၉၂ နှစ်အရွယ်ဒေါ်မကြီး၊ဆေးဆရာဦး ကျော်နိုင်၊အသက် ၅၄နှစ်အရွယ် ဒေါ်မေနု၊ အသက် ၅၈ နှစ်အရွယ်ဦးခင်မောင်(ဒေါ်မေနုရဲ့ အမျိုးသား)၊အသက် ၆၂ နှစ်အရွယ် ဦးမောင်ကျော်သိန်း၊အသက်၆၀ အရွယ် ဦးဦးကျော်ဇံ၊ အသက် ၄၅ နှစ်အရွယ် ဦးမှဲ့နီ၊အသက်၄၃ နှစ် အရွယ်ဦးမောင်မောင်သိန်း(ချေ)နှင့် အသက် ၃၇ နှစ်အရွယ် ဦးမောင်စံလှတို့ဖြစ်ကြသည်။
ယင်းနောက်ပိုင်းတွင်လည်းစစ်တပ်ကလူနေကျေးရွာများအနီးဝန်းကျင်ကို ၇ဟတ်ယာဉ်ဖြင့် ပစ်ခတ်သလို ပုဏ္ဏားကျွန်းအခြေစိုက်၅၅၀ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ ကျွဲ၊ နွားတိရစ္ဆာန်များသေကြေသွားခဲ့
ယင်းဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ်စစ်ကောင်စီကယနေ့အချိန်ထိတစ်စုံတစ်ရာ မေးမြန်းခြင်း၊ တောင်းပန်ခြင်း၊ နစ်နာကြေးပေးခြင်း မရှိသည့်အပြင် ကျန်ရစ်သူမိသားစုများအား လျစ်လျူထားဆဲဖြစ်ကြောင်း ဆင်အင်ကြီးကျေးရွာတာဝန်ခံကနိရဥ္စရာကိုပြောသည်။
“နစ်နာကြေးပေးတာလည်းမရှိဘူး။ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်တွေကို
ဆင်အင်းကြီးကျေးရွာတွင်အိမ်ခြေ ၁၀၀ ကျော်ရှိသည်ဟုလည်း သိရသည်။
ဆင်အင်းကြီးကျေးရွာမှ ဒေသခံများသေဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ပုဏ္ဏားကျွန်းအခြေစိုက်ခမ၇(၅၅၀)နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကိုမဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဟုလည်းရက္ခိုင့်တပ်တော်(AA)က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိရဥ္စရာသတင်းဌာကပြုစုထားသော စာရင်းအ၇ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစတင်ကာ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့သောတကျော့ပြန်တိုက်ပွဲ ၄ လတာ ကာလအတွင်း သေဆုံးခဲ့ရသည့် ရခိုင်အရပ်သားပြည်သူ ၄၆ ဦး၊ဒဏ်ရာ၇သူ ၈၉ ဦးရှိခဲ့ပြီး နေအိမ် (၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟုသိရသည်။
ရခိုင်တွင်ဖြစ်ပွားခဲ့သည့်တကျော့ပြန်တိုက်ပွဲကာလအတွင်းတွ