ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီက ရုံးကို၀င်ရောက်စီးနင်းပြီး ဝန်ထမ်းနှစ်ဦးအားဖမ်းဆီးသွားခြင်းအပေါ် DMG ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အခြေစိုက် Development Media Group (DMG) သတင်းဌာန ရုံးချုပ်ကို အောက်တိုဘာလ ၂၉ ရက် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းသွားပြီး သတင်းထောက်တစ်ဦးနှင့် ရုံးစောင့်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပေါ်  ရှုတ်ချကြောင်း DMG က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသည့် စသုံးလုံးအပါအဝင် SB ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ၂၀ ဝန်းကျင်ခန့်က ကားသုံးစီးဖြင့် ရုံးသို့ လာရောက်ပြီး သတင်းထောက်တစ်ဦးနှင့် ရုံးစောင့်တစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကာ ရုံးသုံးပစ္စည်းများဖြစ်သော ကင်မရာနှင့် ကွန်ပျူတာများကို သိမ်းဆည်းသွားကာ ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်ဟုဆိုသည်။

ဖမ်းဆီးသွားသည့် သတင်းထောက်နှင့် ညစောင့်တို့အား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို တိတိကျကျ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

DMG သတင်းဌာနသည် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာ အပါအဝင် ရခိုင်ပြည်အရေး ကိစ္စများနှင့်ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်းဌာနတစ်ခုဖြစ်၍ ယခုလုပ်ရပ်အား DMG အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်အပ်သည်ဟု ဖော်ပြပါရှိသည်။ (NN-30)

ဆက်စပ် သတင်းများ