Preview

ဧရာ၀တီတိုင်းဘက်မှ စစ်သားများကို နေဗီနှင့်သယ်ဆောင်ပြီး ညဥ့်အချိန် ကျောက်ဖြူတပ်ရင်းများတွင် အင်အားဖြည့်တင်း

နိုဝင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2129
ရခိုင် သတင်း

စစ်ကောင်စီသည် ဧရာ၀တီတိုင်းဘက်မှ စစ်သားများကို စစ်ရေယာဉ်များဖြင့် သယ်ဆောင်ပြီး ညဉ့်အချိန် ကျောက်ဖြူရှိ တပ်ရင်းများသို့ အင်အားဖြည့်တင်းနေကြောင်း မြို့ခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဧရာ၀တီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများကို ယူဆောင်အင်အားဖြည့်နေရာယမန်နေ့ နိုဝင်ဘာ  ၃ ရက်၊ ည ရ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်သည် ရေတပ်  စစ်ရေယာဥ်တစ်စီးကျောက်ဖြူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု  ကျောက်ဖြူမြို့ခံ တက်ကြွ လှုပ်ရှားသူတစ်ဦးကပြောသည်။

" သူတို့ ည ရ နာရီလောက်မှာ ပင်လယ်ကနေ နေဗီသင်္ဘောတစ်စီးကပ်တယ်။အင်အား ၈၀ လောက်ပါနိုင်တယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို သူတို့ကျောက်ဖြူကခြေလျင်တပ်ရင်းတွေဆီပို့ကြတာလို့သိ၇တယ်" ဟုသူကပြောသည်။

အဆိုပါနေဗီစစ်ရေယာဥ်တွင် တင်ဆောင်လာသည့် စစ်ကောင်စီတပ်သားများမှာဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အခြေစိုက် အမှတ်(၆၃ )တပ်ရင်းမှ စစ်သားများဟု စုံစမ်းသိရှိ၇ကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့စုံစမ်းလို့သိထားရသလောက်ကတော့အဲဒီနေဗီနဲ့တင်လာတဲ့ စစ်သားတွေကလပွတ္တာဘက်ကလို့ သိ၇ပါတယ်။" ဟု ပြောသည်။

အဆိုပါသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ကားများဖြင့်ကျောက်ဖြူမြို့ ခမ၇ (၅၄၂ )သို့ ပို့ဆောင် ဖြည့်တင်းခဲ့ခြင်း ဖြစ်ကြောင်းနိရဥ္စရာကစုံစမ်းသိရှိ၇သည်။

ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ခြောက်နာရီခွဲဝန်းကျင်ကလည်းစစ်ကောင်စီ၏ ရိက္ခာအပြည့်တင်ဆောင်လာသည့် ဘုတ်တစ်စီးသည် ကျောက်ဖြူအမှတ်(၃) ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အဆိုပါစက်လှေပေါ်တွင်ပါလာသည့် ရိက္ခာများအားကျောက်ဖြူခရိုင်ရှိ ရဲသင်တန်းကျောင်းများသို့ ပို့ဆောင်ဖြည့်တင်းခဲ့ကြောင်းကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဉ်တပ်မ ၉၉၊ တပ်မ ၅၅ အပါအဝင် တပ်မ ၅ ခုထိ တိုးမြှင့်ချထားခဲ့သော်လည်း လက်ရှိတွင် အဆိုပါတပ်မများမှာရခိုင်မှာ ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ ၁၁ သာ ကျန်ရှိတော့၍ စစ်အင်အားအလွန်နည်းပါးနေသည်ဟုစစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များအရ သိ၇သည်။

“  ရခိုင်မှာ စစ်တပ်အင်အားက သိပ်မရှိတော့ဘူး။ အခြေစိုက်တပ်ရင်းတွေလည်း အင်အားမရှိတော့တပ်အင်အားကို ဧရာ၀တီဘက်ကနေ ယူဆောင်ပြီး အင်အားဖြည့်တင်းတဲ့ သဘောပါ”ဟု စစ်ရေးလေ့လာ အကဲခတ်သူတစ်ဦးက  ပြောသည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော်(AA)က ညီနောင်မဟာမိတ်များနှင့် ပူးပေါင်း တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်တွင်းရှိတပ်စခန်းများသို့ရိက္ခာ၊ လက်နက်များကို နေ့အချိန် စစ်ကားများဖြင့် ရွှေ့ပြောင်းဖြည့်တင်းမှုများရှိသလိုညဉ့် အချိန်တွင်လည်း  နေဗီဇက်ရေယာဥ်များဖြင့်လာရောက် ဖြည့်တင်းမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

အောက်တိုဘာလ ၃၀ ရက်၊ ည ရ နာရီကလည်း ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်ရှိအမှတ်(၁) တရုတ်ဆိပ်ခံ တံတားတွင် စစ်ကောင်စီနေဗီဇက်ရေယာဉ်တစ်စီး ဆိုက်ကပ်ခဲ့ပြီးမြို့နယ်တွင်းရှိ တပ်ရင်းများသို့ ရိက္ခာများရွှေ့ပြောင်း ဖြည့်တင်းမှုရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါနေဗီဇက်ရေယာဥ်တွင် စားနပ်ရိက္ခာအမြောက်အများနှင့် စစ်သည်တချို့လည်းပါလာပြီး ကျောက်ဖြူမှ ခလ၇ ၃၄၊ ခမ၇ ၅၄၂ ၊ ခမ၇ ၅၄၃ တပ်ရင်းများသို့ စစ်ကား၆ စီးခန့်ဖြင့် သယ်ဆောင်ဖြည့်တင်းခဲ့ကြောင်း သူက ပြောသည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.