၇ခိုင်ခရီးစဉ်များတွင် ထိုသို့ ညွှန်ကြားမှုမျိုးမရှိသေးဟုဆို
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား လေယာဉ်စီးနင်း လိုက်ပါကြမည့် ခရီးသည်များအားလုံး ဆိုက်ရောက်နှင့် ထွက်ခွာ ပုံစံများကို မဖြစ်မနေ ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုဝင်ဘာ ၁ရက်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးအကြား လေယာဉ်စီးနင်း လိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure card များအား ဖြည့်စွက်၇မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် တရားဝင် ခရီးသွားစာရွက် စာတမ်း အပြည့်အစုံ ယူဆောင် လာ၇မည်ဟု ပါရှိကြောင်း သတင်းရရှိသည်။
ယခုညွှန်ကြားချက်မှာ ၇န်ကုန် - မန္တလေးလေကြောင်းခရီးစဥ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များအတွက်သာ ဖြစ်ပြီး ၇ခိုင် ခရီးစဉ်များတွင်ထိုသို့ ညွှန်ကြားချက်မျိုး မရှိသေးဟု သိ၇သည်။
စစ်တွေ၊ လေကြောင်းလိုင်းနှင့် နီးစပ်သူတစ်ဦးက"ကျွန်မတို့ ၇ခိုင်မှာတော့ Arrival နဲ့ Departure Card တို့ ဖြည့်ရတာတော့မရှိသေးဘူး။ ဘယ်ကိုသွားမလဲ။ ရန်ကုန်ကို သွားမယ်ဆိုရင် ရန်ကုန်ကိုသွားမယ့်လေကြောင်းလို
Arrival (ဆိုက်ရောက်) နှင့် Departure (ထွက်ခွာ) Card များဖြည့်သွင်း၇ခြင်းမှာ လုံခြုံရေးတင်းကျပ်လာသည့် သဘောဖြစ်ပြီး လက်ရှိတွင် ပြည်ပ ခရီးစဉ်များတွင်လည်း အဆိုပါ Arrival(ဆိုက်ရောက်) နှင့် Departure (ထွက်ခွာ) Card များကို ဖြည့်စရာ မလိုတော့ဟု သိ၇သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတုန်းကာလက ထိုကဲ့သို့ Arrival နဲ့ Departure Card များဖြည့်သွင်း၇ပြီး ကိုယ်ရေးအချက်အလက်များ ကိုလည်း ဖောင်ဖြည့်ရခြင်းမျိုးရှိခဲ့သည်
ခရီးသည်အမျိုးသမီးတစ်ဦးက"ကိုဗစ်ဖြစ်တုန်းကတော့ ကောင်တာမှာ ကိုယ်ရေး အချက်အလက်တွေ
ယင်းအပြင် ခရီးသည်များအနေဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွားစာရွက်စာတမ်း အပြည့်အစုံကိုယူဆောင်လာရန် အသိပေ