စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အနာဂတ်မျိုးဆက်သစ်ရခိုင်လူငယ်များက ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ကို ဆီးမီးထွန်းညှိပြီးကျင်းပ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 896

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅)နှစ်မြောက်မွေးနေ့ ဂုဏ်ပြုဆုတောင်းပွဲခမ်းအနားတစ်ခုကို ရခိုင်မျိုးဆက်သစ်လူငယ်မောင်မယ်များကဆီးမီးများထွန်းညှိကာ  ကျောက်တော်မြို့နယ်ထဲတွင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားအားယနေ့ နိုဝင်ဘာလ ၇ ရက်၊ ည ၇ နာရီအချိန်တွင် ကျောက်တော်မြို့နယ် အတွင်းရှိ ကျောင်းတစ်ခုအတွင်း ကျောင်းသားကျောင်းသူများက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာ ရခိုင်တစ်မျိုးသားလုံးက လေးစားကြည်ညိုသော တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်သူများအပေါ် အုပ်ချုပ်သူ အဆက်ဆက်က ဖိနှိပ်အုပ်ချုပ်မှုကလွတ်မြောက်ရန်နှင့် အဘက်ဘက်က ဆင်းရဲနိမ့်ကျနေသော ရခိုင်လူမျိုးတို့၏ ဘ၀ကို ယခုအခြေအနေထက်ပိုပြီး မြှင့်တင်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်၍ ယခုလို မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ရသည်ဟု ကျောင်းဆရာတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။(NN-23)


ဆက်စပ် သတင်းများ