Preview

စစ်တွေ ဆင်ကူးလမ်းရပ်ကွက်မှ အမျိုးသား ၄ ဦးကို ရဲနှင့်ပူးပေါင်းအဖွဲ့က ညဥ့်အချိန်ဖမ်းဆီးသွား

နိုဝင်ဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :2601
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်အကွက် (၄)မှ အမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့ပါဝင်သော အဖွဲ့ပေါင်းစုံကပြီးခဲ့သည့်ညဉ့် အချိန်တွင် ဖမ်းဆီးသွားသည်ဟု ၎င်းနေရာအနီးအနားမှဆိုင်ရှင်တစ်ဦးက ပြောသည်။

"သူတို့က နည်းနည်းပါးပါးသောက်စားပြီး ဂစ်တာလည်း တီးနေကြတယ်။ဆိုင်ကယ်နဲ့ရဲတွေက ကင်းလှည့်ကြတယ်ထင်တယ်။ အဲ့အချိန် အပြန်အလှန် စကားပြောသံတွေတော့ကြားလိုက်တယ်။ ပြီးရင် ဆိုင်ကယ်ပေါ်တက်ဆိုပြီး ခေါ်သွားတယ်"ဟုပြောသည်။

ဖမ်းဆီးခံ၇သူများမှာ ဦးသာထွန်းစံ၏သားကိုမောင်သိန်းနိုင် (၃၃)နှစ်ခန့်၊ ဦးထွန်းဝေ၏သားကိုအောင်ကိုကို (၃၀)နှစ်ကျော်၊ ဦးမောင်အေးသာ၏သားကိုဆင်ချေ (၂၀)နှစ်ကျော်နှင့် ဦးမောင်အေးကြည်၏သားကိုအောင်မိုးကြည် (၂၈)နှစ်ခန့်တို့ ဖြစ်ကြသည်။

သူတို့ကိုယနေ့ နိုဝင်ဘာလ ၉ ရက်၊ ညဉ့် ၃ နာရီခန့်က ဆင်ကူးလမ်း အကွက် (၄)ရပ်ကွက် ဈေးဟောင်း(ဒေသအခေါ် ဈေးချေ)အနီးမှဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်စစ်တွေမြို့၊ အမှတ် (၂) ရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များက ရဲစခန်းသို့လိုက်ပါသွားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းတွင်အချိန်မတော်ရှိနေ၍ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲကပြောကြောင်းလည်းရဲစခန်းသို့သွားရောက်ခဲ့သည့် မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ၏မိသားစုဝင်တစ်ဦးက"ရဲစခန်းကိုသွားတော့ ၁ သိန်းခွဲပေးရင် လွှတ်ပေးမယ်လို့ပြောတယ်။ မဟုတ်ရင် ထောင် ၆လချမယ်တဲ့"ဟု နိရဉ္စရာကို ပြောသည်။

ဖမ်းဆီးခံရသူများမှာတစ်နေ့လုပ်တစ်နေ့စားနေ၇သည့် နွမ်းပါးသူများဖြစ်သည့် အတွက်ကျပ် ၁ သိန်းခွဲပေးရန်မှာအခက်အခဲရှိနေကြကြောင်းလည်း သိ၇သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ် (၂) ရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။ (NN-13)


ဓာတ်ပုံ- ဖမ်းဆီးခံခဲ့ရသည့်နေရာအား တွေ့၇စဥ်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.