Preview

ရန်ကုန်- စစ်တွေ လေယာဥ်လက်မှတ်တစ်စောင် ကျပ် ၃ သိန်းခန့်အထိ မြင့်တက်လာ

နိုဝင်ဘာ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :1775
ရခိုင် သတင်း

(လေကြောင်းလိုင်းများ ရခိုင်ခရီးစဉ်များတွင် လေယာဉ်လက်မှတ်များကို အထိန်းအကွက်မရှိ ဈေးမြင့်ရောင်းချနေသဖြင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့လာ )  

လတ်တလောရက်များအတွင်း ရန်ကုန်- စစ်တွေ လေယာဉ်လက်မှတ်ခ တစ်ကြောင်းတည်းကို ကျပ်၃ သိန်းခန့် နီးပါးထိ ဈေးနှုန်း မြင့်တက်သွားသဖြင့် ခရီးသွားပြည်သူများအနေဖြင့် အကြီးအကျယ် အခက်အခဲဖြစ်လာကြရသည်ဟု သတင်းရရှိသည်။

လက်ရှိ နိုဝင်ဘာလပထမပတ်အတွင်းတွင် စစ်တွေ-ရန်ကုန်သို့ မန်း၇တနာ လေကြောင်းလိုင်း လေယာဉ်တစ်ကြောင်း လက်မှတ်ဈေးနှုန်းမှာ ငွေကျပ် ၁၇၉၀၀၀ မှ ငွေကျပ် ၂၄၉၀၀၀ အထိလည်းကောင်း၊ ကမ္ဘောဇလေကြောင်းလိုင်း (KBZ)မှ ငွေကျပ် ၂၀၇၅၀၀မှ  ငွေကျပ် ၂၉၂၅၀၀ အထိလည်းကောင်း မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်း(MNA)တွင်လည်း အနိမ့်ဆုံးဈေး လေယာဉ်လက်မှတ်တစ်စောင် ငွေကျပ် ၁၈၇၀၀၀ အထိရှိကြောင်း သိ၇သည်။

ယခုလ နိုဝင်ဘာလပထမအပတ်မှစ၍ စစ်တွေနှင့် ရန်ကုန်သို့သွားလာသူများ များပြားလာသည့်အတွက် ယခုကဲ့သို့ လေယာဥ်လက်မှတ်ခ ရုတ်တရက် ဈေးမြင့်တက်ခြင်းဖြစ်သည်ဟု Starwave လေယာဥ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“လက်မှတ်တွေ လထက်ဝက်လောက် ကြိုတင်ပြီး ခံမှ ဈေးအနိမ့်ဆုံး၇တယ်။ ဒါတောင် လေကြောင်းလိုင်း ၂ လိုင်းကပဲ ရတာ။ KBZ က မ၇ဘူး”ဟု ပြောသည်။

ရခိုင်တွင် လက်ရှိ မြေပြင်အခြေအနေအရ ကားလမ်းဖြင့် ခရီးသွားရာတွင် စစ်ကောင်စီက စစ်ဆေးမှုများနေသည့်အတွက် ယခုလပိုင်းအတွင်း လေယာဥ်ဖြင့် ခရီးသွားလာသူများခြင်းဖြစ်သည်ဟု စစ်တွေရှိ လေယာဥ်လက်မှတ် အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ခုရက်ပိုင်း တအားသွားကြတယ်။ ခရီးသည်တွေက ကားလမ်းမှာ အစစ်ဆေးများလို့ လေယာဉ်နဲ့ သွားသူများတယ်လို့ ပြောတယ်”ဟု ပြောသည်။

ယင်းအပြင် ရခိုင်မှ ပြည်ပထွက်ခွာအလုပ်သွားရောက်လုပ်ကိုင်သူများသည်လည်း ကားလမ်းထက် လေကြောင်းဖြင့် သွားလာမှု များပြားလျက်ရှိကြသည်ဟု သိ၇သည်။

စစ်တွေမှ ပျံသန်းနေသော လေကြောင်းလိုင်းများမှာ စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး၊ရန်ကုန်-အမ်း-စစ်တွေ၊  စစ်တွေ-နေပြည်တော်၊ စစ်တွေ-သံတွဲ၊ စစ်တွေ-ကျောက်ဖြူ ခရီးစဉ်တို့ဖြစ်ကြပြီး စစ်တွေမြို့သို့ တစ်နေ့ ၃ ကြိမ်မှ ၅ ကြိမ်အထိ ပျံသန်းသည်ဟု သိ၇သည်။

လေကြောင်းလိုင်းများသည် ယခင်ကတည်းက ရခိုင်ခရီးစဉ်များတွင် လေယာဉ်လက်မှတ်များကို တစ်ခြားဒေသများထက် ဈေးမြင့် ရောင်းချမှု ရှိသလို ယခုလို တိုင်းပြည် မငြိမ်သက်သည့် အခြေအနေမျိုးတွင် ပို၍ ဆိုးရွားလာသည်ဟု ဒေသခံများက ပြောဆိုကြသည်။   (NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.