Preview

လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်၀ရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ

နိုဝင်ဘာ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :7719
ရခိုင် သတင်း
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  အပေါက်၀ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲစခန်းတစ်ခုလုံးသည်ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ရက္ခိုင့်တပ်တော်(အေအေ)ထံသို့လက်နက်အပြည့်အစုံဖြင့် လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်းခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

 

အဆိုပါ အပေါက်၀ရဲခစန်းကိုရက္ခိုင့်တပ်တော်(AA)ကလက်နက်ချလျှင်ချ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်၀ရဲစခန်းတစ်ခုလုံးမှ ရဲ တပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများအပ်ကာ အေအေထံသို့အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

 

"စခန်းက တစ်ခါတည်းတန်းထွက်လာပြီးတော့အေအေဆီမှာလက်နက်အပ်တယ်။ စခန်းက မိသားစုဝင်တွေရော အကုန်လုံးပါသွားတယ်" ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

 

နောက်ထပ် အပေါက်၀ဒေသခံတစ်ဦးကလည်း" အေအေကအကုန်လုံးကို တင်ခေါ်သွားပြီ။ အပစ်အခတ်တွေ ဘာတွေလည်း မရှိခဲ့ဘူး။အေးဆေးပဲခေါ်ယူသွားပြီ" ဟုပြောသည်။

 

၎င်းအပေါက်၀စခန်းသည် ကျောက်တော်မြို့နယ်တောင်ပိုင်း ၁၀ မိုင်ခန့်အကွာရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသည်။ NN-8

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.