Preview

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

နိုဝင်ဘာ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :11650
ရခိုင် သတင်း
ယနေ့ နိုဝင်ဘာ ၁၃ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက် ရရှိထားပြီးအရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ ထုတ်ဖော်ပြောဆိုသည်။ 

 

"ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်ဗျ။ စခန်းတချို့ သိမ်းပိုက်ရရှိထားတာလည်းရှိတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ ရှိတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာလည်း ရှိတယ်လို့တော့ သိရတယ်။ အခြေအနေအသေးစိတ်တွေကို ညနေဘက်လောက်မှ အချက်အလက်တွေအကုန်ရပြီးတော့မှ ထုတ်ပြန်သွားဖို့ရှိပါတယ်"ဟုပြောသည်။ 

 

စခန်းသိမ်းပိုက်ရရှိမှုနှင့် အရာရှိဘယ်နှစ်ဦး ဖမ်းဆီးမိထားသည်တို့ကိုမူ အသေးစိတ်ဖြေကြားခြင်း မရှိခဲ့ပါ။ 

 

ယနေ့ နံနက် ၅ နာရီအချိန်ခန့်က ၇သေ့တောင် နယ်ခြားစောင့်စခန်းများ ဖြစ်သည့် ချိန်ခါလီ စခန်းနှင့် ဒုံးပိုက် စခန်း ၂ခုကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟုဒေသခံများက ပြောသည်။ 

 

ယခု အေအေက သိမ်းပိုက်သွားသည့် စခန်းနှစ်ခုသည် ၇သေ့တောင်မြို့နယ်တောင်ပိုင်းအငူမော်- မောင်တော ကားလမ်းပေါ်တွင် တည်ရှိသည်။

 

ယင်းအပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိပြည်ထောင်စုကားလမ်းမကြီးတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ လိုက်လံ တိုက်ခိုက်  ရာမှ နှစ်ဘက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကားနှစ်စီး မီးလောင်သွားကာ တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရသည်ဟု သိ၇သည်။

 

မြောက်ဦးမြို့တွင်လည်းသေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိ၇သည်။ သို့သော်ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။ 

 

လက်ရှိမှာ တိုက်ပွဲအခြေအနေများကြောင့်ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင် စသည့်မြို့နယ်များတွင်ဈေး နှင့် ကျောင်းများကို ပိတ်ထားရပြီး စစ်တပ်ကလည် ရခိုင်ပြည်နယ်အတွင်းမှ ကုန်းလမ်း၊ရေလမ်းများကို ပိတ်ထားသည့်အတွက် ခရီးသွားတချို့ ပိတ်မိနေကြောင်း သိ၇သည်။ (NN-7)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.