(ပြည်မနှင့် ၇ခိုင်အကြားကုန်စည်စီးဆင်းမှု ပြတ်တောက်သွား)
ရခိုင်ပြည်နယ်နှင့် ပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကိုလည်း ယနေ့နံနက်မှစတင်ပြီး သွားလာခွင့်ကို ပိတ်ထားလိုက်ပြီဟုသတင်းရရှိ
ဂွမြို့နယ်နှင့် ငသိုင်းချောင်းလမ်းပေါ်ရှိ ဒေါင့်ချောင်းဂိတ်အားယနေ့နိုဝင်ဘာ ၁၃ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက စတင်ပိတ်လိုက်ပြီဖြစ်သည်ဟု ဂွမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာကိုပြော
" ဂွမြို့နဲ့ခုနှစ်မိုင်အကွာမှာ ဒေါင့်ချောင်း ဂိတ်လုပ်ထားတယ်။ ရိုးပေါ်က အဲဒီဂိတ်ကိုဖြတ်တဲ့ လမ်
အဆိုပါဂွ-ငါးသိုင်းချောင်းလမ်းကို ပိတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုကဲ့သို့ တစ်ခါမှမပိတ်ဖူးသည့် ပြည်မနှင့် ရခိုင်အကြားဆက်သွယ်သော လမ်းကို ပိတ်လိုက်၍ မြို့နေကြည်သူများမှာ စိုးရိမ်နေကြသည်
၎င်းက " ဒါကပထမဆုံးအကြိမ်ဘဲ။ဂိတ်ပိတ်လိုက်တော့ အားလုံး အဝင်အထွက် ဒုက္ခရောက်တာပေါ့။ အခု အပြင်ကိုရောက်နေတဲ့ မြို့ကလူတွေပြန်လာဖို့တောင်မ၇ကြဘူး" ဟုပြောသည်။
အလားတူပင်တောင်ကုတ်- ပြည် ရိုးကျော်ကားလမ်းကိုလည်းပိတ်ဆို့လိုက်ခြင်းကြော
“ စစ်ကောင်စီကပြည်မနဲ့ ဆက်သွယ်တဲ့ ကားလမ်းတွေကို ပိတ်လိုက်တဲ့အတွက် ခရီးသွားတွေ ပိတ်မိကုန်ပြီ။ ဒီဘက် ရခိုင်က မြို့နယ်တွေမှာလည်း ကုန်ဈေးနူန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်။ တောင်ကုန် မြို့ပေါ်မှာလဲကုန်ဈေးနူန်းတွေအခုကတည်းက တတ်ချင်နေပြီ။ မရောင်းတဲ့ဆိုင်မရောင်းတော့ဘူး" ဟုပြောသည်။
အမ်းနှင့် မင်းဘူးကြားဆက်သွယ်ထားသည့် ကားလမ်းကိုလည်း ယနေ့နံနက်က စပြီး စစ်ကောင်စီက အသွားအလာခွင့်မပြုဘဲ ပိတ်ထားသည်ဟု သိ၇သည်။
အဆိုပါ ကားလမ်းများမှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့်အလှမ်းဝေးကွာပြီး မည်သည့်အတွက်ကြောင့် ပိတ်ထားသည်ကို မသိရှိရဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းပြည်မနှင့်ရခိုင်အကြား ဆက်သွယ်ထားသည့် ကားလမ်းများကို သာမက အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စု ကားလမ်းကိုလည်း ပိတ်ထားပြီး အနည်းဆုံး ဂိတ်ပေါင်း ၈ ဂိတ်၏ သွားလာခွင့်ပိတ်ထားလိုက်သည်ဟု သိ၇သည်။
၎င်းပြင် စစ်တွေမှာ ရသေ့တောင်သို့သွားသည့် ကားလမ်းအပြင် ရေချမ်းပြင်၊ ပါဒလိတ် ရေလမ်းကိုလည်း ပိတ်ဆို့ထားလိုက်ပြီဟု ဒေသခံများကပြောသည်။
ယခု ပြန်ဖြစ်လာသည့် တိုက်ပွဲသည် ယခင် တိုက်ပွဲများထက် ပိုမိုပြင်းထန် လာနိုင်သဖြင့် ရခိုင်လူထုအနေဖြင့် အထူးသတိထား နေထိုင်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကနိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။