သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင်နယ်ခြားစောင့် ရဲတပ်ကြပ်ကြီးတစ်ဦး စျေးတစ်ခုအတွင်း သေနတ်ပစ်ခံရပြီးသေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

(အလောင်းကို နေ့လယ်ပိုင်းထိ လာကောက်မယ့်သူမရှိသေးဟုသိရ)

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးထဲတွင်  နယ်ခြားစောင့်ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ တပ်ကြပ်ကြီးမှာ ဒေသအခေါ် ဓားထိုး (ခ) တင်မြထွန်းဟု သိရသည်။

ယနေ့နိုဝင်ဘာ ၁၃ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်ခန့်က ၎င်း ရဲတပ်ကြပ်သည် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံလိုက်ရပြီး လက်နက်ကိုလည်း ပစ်ခတ်သူများက ယူဆောင်သွားသည်ဟု ောင်ချောင်းကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" သေနတ်သံ နှစ်ချက်သုံးချက်ကြားတော့ ဈေးကလူတွေအကုန်လုံးထွက်ပြေးကြတယ်။ ရဲတစ်ယောက်သေသွားတယ်။ ဘယ်သူပစ်မှန်း ကျနော်တို့မတွေ့လိုက်ဘူး။သေနတ်သံကြားတော့ ဘယ်သူက ပစ်လဲဆိုတာ မသိပါဘူး" ဟုပြောသည်။

လက်ရှိတွင် သေဆုံးသွားသည့် တပ်ကြပ်အဆင့်ရှိရဲ၏ ရုပ်အလောင်းအား မည်သည့်အဖွဲ့ကမှ လာရောက်ကောက်ယူခြင်းမရှိဟု ၎င်းညောင်ချောင်းရွာသားက ပြောသည်။

" ခုထိအလောင်းလာမကောက်ကြဘူး။ ရွာသားတွေကကြောက်တော့ဈေးပါ ပိတ်ထားရတယ်" ဟုပြောသည်။

ညောင်ချောင်းဈေးသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း မေယုမြစ်ကမ်းဘေးတွင် တည်ရှိပြီး ၎င်းကျေးရွာဘေးတွင် နယ်‌ခြားစောင့်စခန်း တည်ရှိသည်။

ယခုပစ်ခတ်မှုကို အေအေက ပြုလုပ်ခြင်းဖြစ်ပြီ လက်နက်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ (NN-11) 

ဆက်စပ် သတင်းများ