ရက္ခိုင့်တပ်တော် ( AA) အရာရှိတစ်ဦးက ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ရွာ အနီးရှိ မီးရထားဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အရာရှိကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းပြီးနောက်စစ်ကောင်စီတပ်သား ၂၀ ခန့်သည် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကာ စစ်တွေမြို့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
နိုဝင်ဘာလ ၁၃ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) အရာရှိ တစ်ဦးက တပ်ဆုတ်မလား၊ အတိုက်ခံမည်လား၊လက်နက်ချအလင်းဝင်မည်လားဟု သတိပေး မေးမြန်းခဲ့ပြီးနောက် ၁၅ မိနစ်အတွင်း တပ်စွဲထားသည့်နေရာမှ စွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်
ဒေသခံ မျက်မြင်တစ်ဦးက"သူတို့ထဲက အရာရှိကို AA အရာရှိက ဖုန်းနဲ့ လှမ်းဆက်တာ။မင်းတို့ကို ငါတို့အားလုံးဝိုင်းထားပြီ။ မင်းတို့စဥ်းစားချိန် ၁၅ မိနစ်ပေးမယ်။ အတိုက်ခံမလား၊ လက်နက်ချမလား။ ၁၅ မိနစ်အတွင်း အကြောင်းပြန်ဖို့ AA က ပြောတာ။ သိပ်တောင်မကြာဘူး။ သူတို့ တပ်ဆုတ် ထွက်ပြေးကြတော့တာပဲ"ဟုပြောသည်။
၎င်းတို့သည် စစ်တပ် ကားတစ်စီးနှင့်အရပ်သား ဟိုင်းဂျက်တစ်စီး တို့ဖြင့် စစ်
ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ ရဲစခန်း ၃ ခု မှရဲတပ်ဖွဲ့ဝင်များသည်လည်း ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စခန်းကိုရုပ်ပြီးမိသားစုနှင့်အတူ ကားများဖြင့် မြို့ပေါ်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။
၎င်းရဲစခန်းများမှာ ကျောက်ဖြူမြို့နယ်မှ စနဲမြို့မ ရဲစခန်း၊ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာရဲစခန်းတို့ဖြစ်ကြသည်။
ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာရဲစခန်းမှ စခန်းမှူးအပါအဝင်ရဲစခန်းတစ်ခုလုံးသည် ယနေ့ နံနက်က AA ထံ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိ၇သည်။
အပေါက်၀ရဲစခန်းကို AA က လက်နက်ချလျှင်ချ၊မချလျှင် တိုက်မည်ဟု သတိပေးခဲ့ပြီးနောက် အပေါက်၀ရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ဦးသည် လက်နက်ခဲယမ်းများကိုအပ်ကာ AA ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။ (NN-16)
ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ရွာ ဘူတာအနီးရှိ ရထားတွဲ တစ်ခုအားတွေ့၇စဉ်