၇ခိုင်တွင် နိုဝင်ဘာ ၁၃ ရက်ပြန်လည်စတင်ဖြစ်ပွါးသည့် တိုက်ပွဲတစ်ရက်တာအတွင်းစစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၄ ဦးသေဆုံးခဲ့ပြီး၊၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိ၇သည်
သေဆုံးသူများမှာ မြောက်ဦးမြို့တွင် ၂ ဦး၊ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာတွင် ၂ ဦး စုစုပေါင်း ၄ ဦးဖြစ်ကြောင်း သိ၇သည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့တွင် ၄ ဦး၊မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ (၉)နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာမှ ၄ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း ၁၀ ဦးဖြစ်သည်။
နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် မြောက်ဦးမြို့ ၊ ကျောက်ရစ်ကေခွဆုံ အနီး နာရေးရုံးအလွန်မှာ ဖြစ်ပွါးခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း ဆေးရုံသို့လိုက်ပါကူညီခဲ့သူတစ်ဦးကပြောသည်။
"မြင်းခုန်တန်းက ဒေသခံကတော့လက်မောင်းမှာ ဒဏ်ရာရတယ်။ သူကတော့ ဒဏ်ရာမပြင်းဘူး။ စစ်ဘေးရှောင် စခန်းကပေါက်တောပြင်ရွာသားကတော့ ခြေထောက်မှာ ဒဏ်ရာ၇တယ်။ ညာဘက် ဒူးဆစ်မှာ။ ပြည်မဘက်ကကုမ္ပဏီကားမှာကတော့ ၄ ယောက်ပါလာတာ။ ကား ဒရိုင်ဘာက ပွဲချင်းပြီးဆုံးတယ်။ ၃ ယောက်ကိုဆေးရုံပို့တော့ နောက်တစ်ယောက် ထပ်ဆုံးတယ်။ ကျန်နှစ်ယောက်ကလည်း အသည်းတပြင်းပဲ။ဘယ်ကလဲ။ ဘယ်သူလဲ ဘာမှမေးလို့မ၇ဘူး" ဟု ပြောသည်။
ကျောက်တော်မြို့နယ်၊ အပေါက်၀ရွာ တွင်လည်း ကန်စောက် စစ်ကောင်စီအမြောက်တပ် ၅၃၉ မှ နိုဝင်ဘာ ၁၃ ရက် ညနေက ပစ်ခတ်သည့်လက်နက်ကြီးကျည်များကျ ရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာရွာသား ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာ၇သွားကြောင်း သိ၇ သည်။
သေဆုံးသွားသူများမှာ အပေါက်၀ရွာ ချောင်းဖျား ရပ်ကွက်မှ အမျိုးသမီးတစ်ဦး(ကျေးရွာသားများအခေါ် သာထိုးမိ)၊နှင့် ပေါ်တော်မူရပ်ကွက်၊ ရွာဦးထွက်လမ်းမှ ဦးအောင်ကျော်ဇောတို့ဖြစ်သည်။
ပြင်းထန်ဒဏ်ရာ၇သွားသူများမှာ အပေါက်၀ရွာ၊ ပေါ် တော်မူရပ်ကွက်၊ ရွာဦးထွက်လမ်းမှ ဦးအောင်ကျော်ဇော၏ ဇနီးဖြစ်သူနှင့် သား ၃ ဦးတို့ဖြစ်သည်ဟု သိ၇သည်။
မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ သင်္ဘောလှ(အထဲ) ရွာမှ အသက် (၉) နှစ်အရွယ် ဒိုင်းနက် မိန်းကလေးငယ်တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
လက်ရှိမှာ ယင်းကလေးငယ်ကို ကြိမ်ချောင်းဆေးခန်းတွင် ဆေးကုသနေရပြီး ဒဏ်ရာမသက်သာပါက မောင်တော ဆေးရုံကိုပို့ဆောင် ရန် အစီအစဉ်ရှိသည်ဟု သိ၇သည်။
မင်းပြားမြို့နယ် ဖားပြို (ချင်း) အုပ်စု ဖေသာ သာပြင်ရွာမှာလည်း နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရွာအနီး လယ်ကွင်းပြင်တွင် စပါးရိတ်သိမ်းနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက်ဖေသာပြင်ရွာမှ အသက် ၅၀ ကျော် အရွယ် ဦးကျော်သိန်းဖြူ ၏ ကျောကုန်းကို ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။လက်ရှိမှာ မင်းပြားဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး သက်သာလာသည်ဟု သိ၇သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် နှစ်ဘက်နားလည်မှုနှင့်အပစ်အခတ်ရပ်စဲခဲ့သည့်ကာလ တစ်နှစ်မပြည့်မီရက်ပိုင်းအလို နိုဝင်ဘာ ၁၃ ရက်မှာ တိုက်ပွဲပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။