တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ချွန်ထက်သည့်အရာတစ်ခုဖြင့်အထိုးခံရပြီးသေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ မှ တပ်ကြပ်ကြီးတစ်ဦးသည် ချွန်ထက်သည့် အရာတစ်ခုဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်းတံတားအောက်တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခန့်က သေဆုံးနေသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"တံတားအောက်မှာ စူးနဲ့ ထိုးသတ်ခဲ့တာ။ သူက တပ်ကြပ်ကြီး။ ၁၄ ချက်ထိုးခဲ့တယ်တဲ့" ဟုပြောသည်။

မည်သူတို့က ယခုကဲ့သို့ ထိုးသတ်ခဲ့ကြောင်းမသိရှိသေးရသေးဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

"တစ်ယောက်မှ မမြင်လိုက်တော့ ဘယ်သူထိုးသတ်သွားမှန်းမသိဘူးပေါ့နော်။ သေဆုံးပြီးမှ တွေ့တာပါ" ဟုပြောသည်။



အဆိုပါတပ်ကြပ်ကြီးတွင် ထိုးသွင်းဒဏ်ရာ ၁၄ နှင့်အတူ နို့အုံကြား ရင်ညွန့်တွင်လည်း ဒဏ်ရာများဖြင့်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ရကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကို ၎င်းတို့၏ တပ်ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။ ခမရ (၅၅၂)သည် ဘူးသီးတောင်အခြေစိုက်စစ်ကောင်စီ လက်အောက်ခံ တပ်တစ်ခုဖြစ်သည်။

အလားတူ ၎င်းဘူးသီးတောင်မြို့နယ်အထဲက ညောင်ချောင်းစျေးထဲတွင် စျေးဝယ်နေသည့် နယ်ခြားစောင့်ရဲတပ်ကြပ်ကြီးမှာ ဒေသအခေါ် ဓားထိုး (ခ) တင်မြထွန်းသည် နိုဝင်ဘာ ၁၃ ရက်က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ (NN-11)

ဆက်စပ် သတင်းများ