စစ်ကောင်စီက တောင်ကုတ်တွင် တောင်မြင့်နေရာများတွင် စစ်အင်အားကိုဖြန့်ကျက်ထားဟုဆို
တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်
၎င်းစခန်းနှစ်ခုမှာ တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ရဲစခန်းနှင့် လမူးစံပြ တိုက်နယ် ရဲစခန်းတို့ဖြစ်ကြသည်။
“ စခန်းနှစ်ခု စွန့်ပြီး ရဲတွေထွက်ပြေးသွားပါပြီ။ တောင်ကုတ်မြို့နယ်နဲ့ မအီကြားက ရွာမရဲစခန်းနဲ့ လမူးရဲစခန်းတွေဖြစ်ပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး စီးပွားရေး အရအချက်အချာကျသည့် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သလို ပြည်မဘက်ကို ရိုးတောင်ကို ကျော်၍ ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းရှိရာ ၇ခိုင်ပြည်ဘက် မြို့ကြီး တစ်မြို့ လည်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် အေအေထိုးစစ်ဆင်တိုက်ခိုက်လာပါက ခုခံတိုက်ခိုက်ရန် တောင်ကုတ်မြို့တစ်ဝိုက် အပေါ်စီးနေရာများဖြစ်သည့် ပန်းမြောက်တောင်၊ ဇီးကိုင်းတောင်၊ ဘုရားကိုးဆူတောင်ကုန်းတို့တွင် တပ်အင်အားအခိုင်အမာဖြ
မြို့ခံလူငယ်တစ်ဦးက "တောင်ကုတ်မှာတော့ စစ်တပ်က မြို့နဲ့အနီးတဝိုက်က အမြင့်ဆုံး
အဆိုပါ တောင်ကုန်းများကို အခိုင်အမာနေရာယူထားသည်မှာ AA ကထိုးစစ် ဆင်လာပါက အပေါ်စီးမှ တန်ပြန်တိုက်ခိုက်နိုင်ရန်ဖြစ်
"သူတို့(စစ်ကောင်စီ) အနေနဲ့ AA က ဝင်တိုက်လာရင် အပေါ်စီးကနေ ခုခံလို့ရအောင်လို့ထင်တယ်။ နောက်တစ်ခုက တခြားမြို့နယ်တွေမှာလိုပဲ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ဖို့အတွက် ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် တောင်ကုတ်တွင် လုံခြုံရေး တင်းကျပ်ထားပြီး ရေလမ်းကြောင်း အဝင်အထွက် မော်တော်ဘုတ်များ၊ စက်လှေများကို စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိ၇သည်။
၇ခိုင်တိုက်ပွဲ ပထမနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီသည် တောင်ကုတ်မြို့မှ ရွှေဆိုင်၊ စက်သုံးဆီဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးအထိ ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောသည်။
စစ်ကောင်စီသည် အေအေကို တိုက်မနိုင်သည့် အပြင် တိုက်ပွဲများတွင် အထိနာနေ၍ ရခိုင်က ဒေသခံပြည်သူများကို မတရားဖမ်းဆီးမှုများ ပြုလုပ်နေသလို ညဥ့်အချိန်နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်နေသည်ဟု မြို့ခံများက နိရဉ္စရာသို့ပြောသည်။(NN-23
ဓာတ်ပုံ - ပန်းမြောက်တောင်ပေါ်မှမြင်၇သည့်တောင်ကုတ်မြို့မြင်ကွ