(၃ ရက်အတွင်း ရခိုင်တွင် အရပ်သား ဖမ်းဆီးမှု၅၀ နီးပါးထိရှိလာ)
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်ရပ်ကွက်အု
ဖမ်းဆီးခံ၇သူများမှာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှုးလည်းဖြ
ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်၊ ညဉ့် ၁၂ နာရီကျော်ခန့်က အဆိုပါရပ်ကွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။
ဘူးသီးတောင်မြို့ခံတစ်ဦးက"စစ်ကားတွေနဲ့လာပြီး စစ်သားက ၂၀ ကျော်လောက်။ တစ်ချို့အိမ်တွေကို တံခါးဖျက်ပြီး သေနတ်ထောက် ဖမ်းခေါ်တာကြားတယ်။ ညဉ့်မှာဝင်ဖမ်းတာ" ဟုပြောသည်။
ယင်းအပြင် ဘူးသီးတောင်မြို့ပေါ်မှ ပုဂ္ဂလိကဆေးခန်းတစ်ခုဖြစ်သည့် ကောင်းထက်ဆေးခန်းအား ဝင်ရောက်မွှေနှောက်သွားကြောင်း သိ၇သည်။
ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း သံတွဲမြို့ခံ ၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြော
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကလည်း တောင်ကုတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ၁၁ ဦးထိ စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများကပြောသည်။
အလားတူ ကျောက်ဖြူမြို့မှ စေတီတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်အပါအဝင် မြို့ခံ ၄ ဦးကိုလည်း စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း သိရှိ၇သည်။
၎င်းပြင် စစ်တွေမြို့တွင်လည်း ဖမ်းဆီးမှုများနေပြီး အနည်းဆုံး လူပေါင်း ၂၀ ကျော်ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ရခိုင်တိုက်ပွဲများတွင် AA ကိုတိုက်မနိုင်ဘဲ စခန်းများကိုလက်လွှတ်လာနေရ၍အထိနာနေသည့် စစ်ကောင်စီတပ်သည် ရခိုင်လူထုကိုဦးတည်ပစ်မှတ်ထားကာ တိုက်ခိုက်နေပြီး ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များမှအပြစ်မဲ့ပြည်သူလူထုများကို မတရားဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ (NN-11)
ပုံစာ- ဘူးသီးတောင်မြို့ကို မေယုမြစ်ထဲက မြင်တွေ့၇စဉ်။