Preview

စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မောင်တောတွင် AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

နိုဝင်ဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :4131
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မောင်တောတွင် ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ပြီးနောက် နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မောင်တောမြိုနယ်မြောက်ပိုင်းကြိမ်ချောင်း(နကခ-ရ)လက်အောက်ခံ၊ ငခူ၇နယ်မြေ (၅)မိုင်တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု အေအေနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အခု ၅ မိုင်မှာ တိုက်ပွဲပြင်းထန်နေတယ်။ သူတို့ဘက်က ကားနှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံ၇လို့ အပြန်အလှန်ဖြစ်ကြတာ" ဟုပြောသည်။

ယင်းအပြင် ယနေ့နံနက် ၅ နာရီခန့်က ဘူးသီးတော်-မောင်တော ကားလမ်းမပေါ်တွင် ရှိသည့်စစ်ကောင်စီ၏ (၆)မိုင်နယ်ခြားစောင့်ရဲစခန်းတွင်လည်း နှစ်ဦးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိ၇သည်။

" ၆ မိုင်စခန်းကို တက်သိမ်းတာ။ ရ မရ အတိကျမသိရသေး"ဟုပြောသည်။

တိုက်ပွဲစတင်ဖြစ်ရခြင်းမှာ မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်မှ ရဲတပ်ရင်းမှ  စစ်ကူသွားသည့် စစ်ကား ၃စီးတွင် ၂ စီးကို AA က ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ မယူကမ်း အငူမော်မှ မောင်တောအထိ စစ်ကောင်စီဘက်မှ ဗောထိကုန်း၊ ကိုင်းကြီး၊ ကင်းချောင်းနှင့် မော၇၀တီစသည့် စစ်ဆေးရေးဂိတ် ၄ ဂိတ်ကျန်ရှိနေပြီး သဝင်ချောင်းစခန်း၊ ခွဆုံပြင်စခန်း၊ ရွှေရင်အေးစခန်း အပါအဝင် စခန်းအများအပြားကို ရုပ်သိမ်းကာ ဆုတ်ခွာသွားခဲ့ကြပြီဟု သိ၇သည်။ (NN-11) 

Photo - မောင်တောမြို့နယ်မှစစ်ကောင်စီနယ်ခြားစောင့်တပ်သား တစ်ဦးကို တွေ့၇စဉ်

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.