Preview

ရခိုင်တွင် တပ်အင်အားမလုံလောက်၍ စခန်းငယ်များကို ရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်း

နိုဝင်ဘာ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :9921
ရခိုင် သတင်း

( အမ်းမြို့နယ်မှ စစ်ကောင်စီအထိုင်စခန်းနှစ်ခုထပ်မံစွန့်ခွာ)

ရခိုင်ပြည်နယ် စစ်တပ်အင်အား မလုံလောက်၍ အထိုင်ချထားသည့်စခန်းငယ်များကို ရုပ်သိမ်းကာ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရရှိသည်။

အင်အား မလုံလောက်နှင့်ရင်ဆိုင်နေရပြီး AA၏ ခြိမ်းခြောက်မှုကို ခံနေရသည့် အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့  အထိုင်စခန်းနှစ်ခုမှ စစ်သားများကိုထပ်မံရုပ်သိမ်းကာ ပူးပေါင်းသွားခဲ့သည်ဟု သိ၇သည်။

စခန်းစွန့်ခွာသွားသည် တပ်စခန်းနှစ်ခုမှာ  အမ်းမြို့နယ်မှ ကညှင်တောင်အထိုင်စခန်းနှင့်ပိန္နဲတောင် အထိုင်တပ်စခန်းများမှဖြစ်ပြီး ရုပ်သိမ်းသွားသည့် တပ်ဖွဲ့ဝင်ဦးရေကိုမူ အတိအကျမသိရှိ၇သေးကြောင်းအမ်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

" သူတို့မနေ့ကညပိုင်းမှာစခန်းကစွန့်ခွာသွားကြတာ ဖြစ်နိုင်တယ်ပေါ့နော်။ အခုမနက်ပိုင်းမှာတော့ အဲဒီစခန်းနှစ်ခုစလုံးမှာစစ်သားတွေတယောက်မှမရှိတော့ဘူး" ဟု သူကပြောသည်။

အဆိုပါစစ်စခန်းနှစ်ခုမှစွန့်ခွာထွက်ပြေးသွားသည့်စစ်သားများသည် အမ်းမြို့ပေါ်ရှိတပ်ရင်းများသို့ ပူးပေါင်းသွားခြင်းဖြစ်ကြောင်း သူကပြောသည်။

" အဲဒီစစ်သားတွေကအမ်းကိုပြောင်းရွှေ့သွားတာလို့သိရတယ်။ အရင်က အနောက်ပိုင်းစစ်ဌာနချုပ်ကို ကာထားတဲ့ အမ်းမြို့နယ်ထဲကစခန်းငယ်တွေကို အကုန်လုံးရုပ်သိမ်းပြီး အမ်းမြို့ပေါ်က တပ်ရင်းတွေမှာ သွားပေါင်းထားတယ်လို့ သိရပါတယ်" ဟုနိရဥ္စရာသို့ပြောသည်။

ကညှင်တောင်စစ်စခန်းမှာလုံးကောက်ကျေးရွာအုပ်စု၊ညောင်ချောင်းကျေးရွာအနီးတွင်တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ခုနှစ်တကျော့ပြန်တိုက်ပွဲကာလကပင် အထိုင်ချတပ်စွဲနေသည့်စခန်း တစ်ခုဖြစ်ကြောင်း သိ၇သည်။

အလားတူပိန္နဲတောင်စစ်စခန်းမှာလည်း ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာအနီးတွင်တည်ရှိပြီး၂၀၁၈ ရခိုင်တိုက်ပွဲကာလကပင် တပ်စွဲထားခြင်းဖြစ်ကြောင်းသိ၇သည်။

ယခင်၇ခိုင်တိုက်ပွဲတုန်းက စစ်ကောင်စီသည် တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၂၂၊ တပ်မ ၁၁ အပါအဝင်တပ်မ ၅ မလောက်ကို ရခိုင်တွင် ဖြန့်ကျက်ချထားခဲ့သော်လည်း လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ၁၁ သာ ကျန်ရှိတော့သည်ဟု သိ၇သည်။

စစ်ရေးလေ့လာအကဲခတ်သူတစ်ဦးက “ကျွန်တော်သိရသလောက်ဆိုရင် အရင် တပ်မ၅၅ ထိုင်ခဲ့တဲ့ မြောက်ဦးမှာ ပလက်၀မှာ ရှိနေတဲ့ တပ်မ ၁၁ ကိုခေါ်ယူပြီး  အစားထိုးထားတယ်။ တပ်မ ၅၅ ကတော့ ကရင်နီနဲ့ ရှမ်းတောင်ကိုရောက်သွားတယ်လို့ သိ၇တယ်။ တပ်မ ၂၂ ကတော့ ဘူးသီးတောင်မှာ နေရာချထားတယ်လို့ သိရတယ်။ ရခိုင်မှာစစ်တပ် အင်အားသိပ်မရှိဘူး။ အေအေထိုးစစ်ကို ခံစစ်နဲ့ သူတို့ ကာမယ်။ နောက်ဝေဟင်နဲ့ ရေကနေသူတို့ ဝိုင်းရံမယ်။ အဲသလိုမျိုးတော့ မြင်၇တယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်စစ်ပွဲအနေအထားမှာ ရက္ခိုင့်တပ်တော် အေအေကထိုးစစ်အနေအထားဖြင့် တိုက်ပွဲဝင်ရန် အခြေအနေရှိနေပြီး စစ်ကောင်စီတပ်မှာ ခံစစ်အနေအထားနဲ့တိုက်ပွဲရန် ပြင်ဆင်နေသည့် အနေအထားကို တွေ့၇သည်ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်းရခိုင်တွင် သာလွန်အင်အားဖြင့် တိုက်ခိုက်မည်ကို စိုးရိမ်ရသဖြင့် စခန်းငယ်များကို ရုပ်သိမ်းကာနောက်တပ်ရင်းများတွင် စုဖွဲ့မှုပြုလုပ်နေ၇ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်တွင်းရက္ခိုင့်တပ်တော်က စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဖော်ဆောင်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များသည် အေအေထံ လက်နက်ချ အလင်းဝင်မှုများပြားလာသည်ဟု သိ၇သည်။(NN-23)

ပုံစာ-ဓာတ်ပုံ ပုံဟောင်းဖြစ်ပါသည်။ မူရင်းပိုင်ရှင်  Crd ပေးပါသည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.