စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်နေသော မုန်တိုင်းငယ် စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်ကို ဗဟိုပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်နေသော မုန်တိုင်းငယ် စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်နှင့် မောင်တောမြို့အနောက်- အနောက်တောင်ဘက် ရေမိုင် (၂၄၉)မိုင်ခန့်ကို ဗဟိုပြုနေ

 ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာ နိုင်ငံ၊ စစ်တွေ မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ မောင်တောမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် (၂၄၉)မိုင်ခန့် ကို ဗဟို ပြုနေကြောင်း  မြန်မာ မိုးဇလက ယနေ့ နံနက် ၇ နာရီအချိန်က သတင်းထုတ်ပြန်သည်။

 

ယနေ့မြန်မာစံတော်ချိန် ယနေ့ နံနက် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ သိရှိရသည်ဟု ဆိုသည်။

 

အိန္ဒိယနိုင်ငံကဆိုလျှင်  ပါရာဒစ်မြို့(Paradip)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၂၆)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၁၆၇)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုလျှင် ခီပူပါရာ မြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၁၇) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

၎င်းမုန်တိုင်းသည် နိုဝင်ဘာ ၁၈ ရက်နေ့ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၆၅ ကီလိုမီတာနှင် ၇၅ ကီလိုမီတာအကြားဖြင့်  ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ခန့်မှန်ထားသည်။

 

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ  ရွာရန် ရာနှုန်း(၈၀) ဖြစ်ကြောင်း မြန်မာမိုးဇလက ထုတ်ပြန်သည်။

 

၎င်းပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ တနင်္သာရီ တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။


 Photo by The Daily Star

ဆက်စပ် သတင်းများ