Preview

ပေါက်တောမြို့ အထက်တန်းကျောင်းမှ ဆရာမ ၈ ဦး နောက်ထပ် ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :4965
ရခိုင် သတင်း

( ဖမ်းဆီးခံထား၇သူ အနည်းဆုံး လူပေါင်း ၅၀ ခန့်ရှိနေဟုဆို )

၇ခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်တပ်က အထက်တန်းပြနှင့် အလယ်တန်းပြကျောင်းဆရာမ ဦးကို နောက်ထပ် ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ဆရာမ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်၊ ညနေက ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရားတောင်အနီးတွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"မနေ့ကအဖမ်းခံ၇တာ။ တောင်ပေါ်က စစ်သားတွေဖမ်းတာ။ သူတို့က ဆရာမတွေရဲ့ဖုန်းတွေကို သိမ်းထားပြီး မနက်ကျမှ အဖမ်းခံ၇တယ်လို့ အိမ်ကိုသတင်းပေးခိုင်းလို့သိ၇တာ အခုထိ မလွတ်သေးဘူး"ဟုပြောသည်။

ဖမ်းဆီးခံရသည့်ဆရာမများမှာ ပေါက်တောမြို့ အထကကျောင်းတွင်တာဝန်ကျနေသည့် အထက်တန်းဆရာမနှင့် အလယ်တန်းဆရာမများ ဖြစ်ကြောင်း သိ၇သည်။

ပေါက်တောမြို့မှ ဒေသခံများအား ယမန်နေ့က နေ့လယ် နာရီအတွင်း ထွက်ပြေးရန် စစ်ကောင်စီက ပြောဆိုမှုများရှိခဲ့ပြီး အချိန်မီ မပြေးနိုင်လိုက်၍ စစ်ကောင်စီတပ်သားများထံ အဖမ်းခံလိုက်၇ခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း နိရဉ္စရာကို ဆက်လက်ပြောဆိုသည်။

"ဆရာမတွေ ထွက်ပြေးတာအချိန်မမီလိုက်ဘူးထင်တယ်။ တခြားသူတွေလည်း အဖမ်းခံ၇တယ်ကြားမိတယ်။ အခုချိန်ထိစာရင်းအတိကျ မသိ၇သေးပါဘူး" ဟုပြောသည်။

ယမန်နေ့က ပေါက်တောမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံ၇သူများမှာ ူပေါင်း ၅၀ ခန့် ရှိသည်ဟု သိ၇ပြီး သူတို့နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို  နိရဥ္စရာအနေဖြင့် စုဆောင်း ရရှိနိုင်ခြင်း မ၇ှိသေးပါ။

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညဥ့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယင်းနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ၇ဟတ်ယာဥ်တစ်စီးဖြင့် မြို့ကို လာရောက်ပစ်ခတ်ခဲ့သည်။

ယင်းနောက် နောက်ထပ် စစ်ဇက်ရေယာဥ်နှစ်စီးနှင့်အတူ ၇ဟတ်ယာဥ်တစ်စီး ထပ်မံလာရောက်ပစ်ခတ်ခဲ့ပြန်သည်။

ညနေ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများသည် ပေါက်တောမြို့ကို ဝင်ရောက်လာပြီး ထွက်မပြေးနိုင်ဘဲကျန်နေခဲ့သည့်ဒေသခံများကို ရက်ရက်စက်စက် ပစ်သတ်သွားခဲ့သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

အသတ်ခံ၇သူ ၂၀ ဦးခန့်ရှိနိုင်သည်ဟု သတင်းများထွက်ပေါ်နေပြီး နိရဥ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သေဆုံးသွားသည့် ရုပ်အလောင်းများကိုမူ လက်ရှိ နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းအထိ လာရောက် ကောက်ယူနိုင်မှုမရှိသေးဟုလည်း ပေါက်တောဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

ယင်းအပြင် ယမန်နေ့ည နာရီခန့်မှစတင်ကာ ပေါက်တောမြို့တွင် လျှပ်စစ်မီးဖြတ်တောက် ခံထား၇သည်ဟု ဒေသခံများကပြောသည်။

ပေါက်တောမြို့ခံအမျိုးသမီးတစ်ဦးက" နာရီလောက်ကနေ မီးဖြတ်ထားတာ။ မီးလည်း အဖြတ်ခံ၇တယ်။ မြို့ထဲမှာ လူတွေလည်း ပိတ်မိနေတယ်။ ထွက်ပြေးသွားတဲ့လူတွေလည်း ဆန်တွေ၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်။ အပြစ်မရှိဘဲဖမ်းဆီးခံထား၇တဲ့သူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ မိသားစုတွေလည်း စိတ်ပူနေကြတယ်"ဟု ပြောသည်။

လက်ရှိတွင် ပေါက်တောမြို့၌ စစ်ကောင်စီဘက်မှ စစ်အင်အားများ ၂၀၀ ကျော်နှင့် ရဲအင်အား ၆၀ ခန့်ဖြည့်တင်းထားသည်ဟု သိ၇သည်။(NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.