Preview

ရခိုင်စစ်ကောင်စီဝန်ကြီးများ စစ်တွေတွင် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ လာရောက်ဆက်ကပ်

နိုဝင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :8007
ရခိုင် သတင်း

၇ခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးအဖွဲ့ သည် ယနေ့နိုဝင်ဘာ ၁၇ ရက်နေ့တွင် စစ်တွေမြို့မှ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းမှုပြုခဲ့သည်ဟု ၇ခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို ဖော်ပြနေသော ‘သိကြားစေချင်ငွေသဇင်’ လူမှုကွန်ယက် စာမျက်နာတွင် ဖော်ပြသည်။

ရခိုင်မှ ဝန်ကြီးများ စစ်တွေမြို့မှ နေပြည်တော်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်းသတင်း ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီ အဖွဲ့ဝင်များကို စစ်တွေတွင် ရှိနေကြောင်း လူစုံတက်စုံဖြင့်ဓာတ်ပုံများနှင့် တကွ သတင်းဖော်ပြလာခြင်းဖြစ်သည်။

စစ်တွေဒေသခံတစ်ဦးက “၇ခိုင်က ဝန်ကြီးတွေ အေအေဖမ်းဆီးမှာကို ကြောက်လို့ အကုန် ထွက်ပြေးသွားတယ်ဆိုတဲ့သတင်း မဟုတ်ဘူးဆိုတာ ပြသချင်တဲ့ အတွက် အခုလို ဓာတ်ပုံတွေနဲ့ အတူ သတင်းထုတ်ပြန်တာထင်ပါတယ်”ဟုပြောသည်။


ဆရာတော်ကြီးများထံလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရာတွင် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့၏ဝန်ကြီးများဖြစ်ကြသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဦးစံရွှေမောင် (စီးပွားရေးရာဝန်ကြီး)၊ဦးသန်းထွန်း (သယံဇာတရေးရာဝန်ကြီး) နှင့် ဦးလှသိန်း (ဥပဒေချုပ်) စသူတို့ပါဝင်သည်။

၎င်းဝန်ကြီးအဖွဲ့သည် စစ်တွေမြို့မှ ဆရာတော်ကြီးများဖြစ်ကြသည့် နန္နာရာမ၊ တောင်ချေ၊ ပညာလင်္ကာရ၊ ရွှေစေတီကျောင်းများသို့ နိုဝင်ဘာ ၁၇  မွန်းလွဲ (၁:၃၀)အချိန်ခန့်ကလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိ၇သည်။ 

၎င်းပြင်တိုက်ပွဲဖြစ်ပွားရာ ဒေသတချို့တွင်လယ်သမားများ စပါးရိတ်သိမ်းရန် အခက်အခဲများနှင့် ကြုံတွေ့နေရချိန်တွင် “စပါးများရွှေရောင်အသားဝင်းမှည့်နေတော့အားရစရာဖြစ်ကြောင်း၊  အထွက်တိုးမျိုးတွေ လယ်သမားတွေကိုအခမဲ့ပေးစိုက်တာ ရာသီဥတုကောင်းလို့ တစ်ဧက တင်းတစ်ရာ( ရခိုင်လိုနှစ်ရာငါးဆယ်တောင်း)အထက် ထွက်နေကြောင်း၊ အစိုးရအဖွဲ့က အချိန်မီရိတ်သိမ်းနိုင်ရေး ကောက်ရိတ်စက်တွေ စီစဉ်နေကြောင်း၊  အခြေအနေပေးရင်တောင်သူများကောက်ရိတ်သိမ်းနိုင်ဖို့ ကြိုးစားနေပါကြောင်း”စသဖြင့် ရခိုင်လယ်သမားများကို ပျက်ရယ်ပြု သရော်ထားသည့် ရေးသားမှုကိုလည်း ၎င်းသတင်းနှင့်အတူ ပို့စ်တွင် ဖော်ပြထားသည်။  (NN-30)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.