Preview

ပေါက်တောမြို့အနီးတဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းမည်ဟုဆိုကာ စစ်ကောင်စီမှ ခြိမ်းခြောက်နေ၍ ပြည်သူများထွက်ပြေးနေကြရ

နိုဝင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :2110
ရခိုင် သတင်း

စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားသည့် ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေရှင်းလင်းမည်ဟုဆိုကာ စစ်ကောင်စီက ခြိမ်းခြောက်နေ၍ မြို့အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ထွက်ပြေးနေကြ၇သည်ဟု သိ၇သည်။

 

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေ ရှင်းလင်းမည်ဖြစ်သည့်အတွက် နာရီအတွင်း ကျေးရွာအတွင်းမှထွက်သွားကြရန် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးလာခဲ့သည်ဟု အသိပေးခံခဲ့၇သည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

 

နယ်မြေရှင်းလင်းမယ်ဆိုပြီးတော့ ပြောလာတယ်။ တောင်းဖူးပါတယ်။ သဝင်ချောင်းပါတယ်။ တောင်ညိုပါတယ်။ လက်ပံပြားပါတယ်ပြောတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ပြောတာပါ။ ပြေးတဲ့သူတွေလည်း ပြေးကြတယ်။ မပြေးဘဲကျန်တဲ့သူလည်း ကျန်ခဲ့ကြတယ်ဟုပြောသည်။



 ယခုကဲ့သို့ နယ်မြေရှင်းလင်းမည်ဟု အသိပေးလာသည့်အတွက် ဒေသခံကျေးရွာသားများမှာ အထိတ်တလန့် ထွက်ပြေးနေကြ၇သည်ဟု သူက ဆက်ပြောသည်။

 

ဒီဟာကလည်း တိုက်ပွဲမဖြစ်လို့ မရှင်းတာလားလို့ တွေးမိပါတယ်။ ဒီလူတွေကလည်း စစ်ရေးသဘောကို နားလည်တာက မဟုတ်ဘူး။ ပြေးရလွှားကြ၇တာပေါ့ ကြောက်စိတ်နဲ့။ တစ်ယောက်တည်းက မဟုတ်ဘူး။ မိသားစုလည်း ရှိတာဆိုတော့။ ဘာမှမဖြစ်ခဲ့တော့ ပြန်တဲ့သူလည်း ပြန်နေကြတယ်ဟုဆိုသည်။

 

ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများဖြစ်သည့် တောင်းဖူ၊ တောင်ညို၊ အ၀ကန်၊ မင်းဘာ၊ ကျောက်ဆိပ်၊ ဒါးကိုင်၊ သဝင်ချောင်း၊ သရွဲကျေးရွာအပြင် တခြားကျေးရွာများမှ ဒေသခံများမှာ ယခုကဲ့သို့ စစ်ကောင်စီမှ ခြိမ်းခြောက်မှုရှိနေသည့် အတွက် အခက်အခဲမျိုးစုံနှင့် ထွက်ပြေးနေကြ၇သည်ဟု တောင်းဖူးကျေးရွာသားတစ်ဦးက ပြောသည်။

 

ရွာသားတွေ ညဥ့်မိုက်သန်ခေါင်ပြေးကြ၇တယ်။ စစ်တပ်က စစ်ကြောင်းထိုးလာမယ်၊ နယ်မြေရှင်းလင်းမယ် ဆိုတာကြားလို့ ရွာသားတွေအကုန်လုံးပြေးကြ၇တယ်။  အခုရပ်ရွာတွေမှာ လူမကျန်သလောက်ပဲ။ တိုက်ပွဲတွေက ငြိမ်သက်နေတယ်။ စကစက ဒီလိုမျိုး လူထုကို အထိတ်တလန့်ဖြစ်အောင်လုပ်နေတာတော့ရှိတယ်။ အခုထိ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ် ဟုပြောသည်။



 ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးထဲရေထဲမှပြေးလွှားခဲ့ကြ၇သည့်အတွက် သက်ကြီးရွယ်များနှင့် ကလေး သူငယ်များမှာ နာမကျန်းမှုများလည်း ဖြစ်နေကြသည်ဟု သိ၇သည်။

 

ဒေသခံတစ်ဦးက ထွက်ပြေးတဲ့အချိန်မှာ လူထုတွေက အရမ်းကို အကြောက်တလန့်ဖြစ်နေကြတယ်။ မျက်နှာတွေမှာ သွေးမရှိဘူးဆိုတဲ့ပုံစံမျိုး။ ဆိုတော့ ပေါက်တောက ကုန်းလမ်းဆက်သွယ်မှုဧရိယာက နည်းတယ်။ ရေကြောင်း ခရီးဖြစ်တယ်ဆိုတော့ ရေကဖြတ်ကြ၇တော့ လှေကလေးတွေနဲ့ကူးကြ၇တော့ အရမ်းစိုးရိမ်စရာဖြစ်၇တယ်။ နောက်ပြီးတော့ ဆိပ်ကမ်းတွေမှာ လှေကလည်းအများမရှိတော့ အချိန်အကြာကြီးစောင့်နေရတာရှိတယ်။ အရမ်းကို သနားစရာကောင်းကြတယ်။ ကလေးတွေကိုဆိုရင်လည်း ချီပြီးတော့သွားကြ၇တယ်။ တချို့ကလေးတွေဆိုရင် နှာစေး၊ ချောင်းဆိုးကြတယ်။ ွှံ့တောတွေကနေ သွား၇တယ်။ အဲဒီကဆင့် လှေနဲ့ကူးကြ၇တော့ သက်ကြီးရွယ်အိုတွေကို မနိုင်မနင်းထမ်းပိုးပြီး သွားကြ၇တယ်ဟုဆိုသည်။

 

နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၂ နာရီကျော်တွင် ပေါက်တောမြို့မရဲစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီးနောက် ပေါက်တောမြို့ကို စစ်ကောင်စီ ၇ဟတ်ယာဥ်တစ်စီးနှင့် နေဗီ နှစ်စီးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ကုန်းပေါ်တက်လာသည့် စစ်တပ်ကလည်း သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူပေါင်း ၂၀ ခန့် သေဆုံးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

 

လက်ရှိ အချိန်တွင် ေါက်တောမြို့ပေါ်မှ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြ၇ပြီး  မြို့ထဲ၌ မထွက်ပြေးနိုင်ဘဲကျန်နေခဲ့သည့် ဒေသခံအများအပြားလည်းရှိနေပြီး  စစ်ကောင်စီက ပေါက်တောမြို့ကို ထိန်းချုပ်ထားသည်။

 

ထို့အပြင် စစ်ကောင်စီက ယခုကဲ့သို့လည်း ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေရှင်းလင်းမည်ဟု ဆိုကာ ခြိမ်းခြောက်နေသည့်အတွက်ကြောင့် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြ၇ခြင်းလည်းဖြစ်သည်။(NN-3)

 

ဓာတ်ပုံ -  ပေးပို့

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.