Preview

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ အကျဥ်းဦးစီးစခန်း (၄) ခုကို TNLA နှင့် MDY PDF တို့ သိမ်းပိုက်

နိုဝင်ဘာ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :1610
ရခိုင် သတင်း

(လက်နက်၁၀၄လက်ဖမ်းဆီးမိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်ရှိအကျဥ်းဦးစီးစခန်း () ခုကိုတအာင်းတပ်မတော် (PSLF/TNLA ) နှင့်မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MDYPDF) တို့ပူးပေါင်းတပ်ဖွဲ့မှနိုဝင်ဘာ၁၉ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းPSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။

သိမ်းပိုက်ရရှိခဲ့ အကျဉ်းဦးစီးစခန်း ()ခုမှာ နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီး စခန်းနှင့် ကုန်းစံ အကျဥ်းဦးစီးစခန်းတို့ ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စခန်း () ခုမှ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်း သိ၇သည်။


တိုက်ပွဲအတွင်း လက်နက်စုစုပေါင်း ၁၀၄ လက် (MA-11(၅၀) လက်၊ MA-12 () လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်)နှင့်အတူ 5.56 ကျည်(၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အ၇ သိ၇သည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက်ပြင်းထန်နေခြင်းနှင့်အတူ စစ်ကောင်စီ တပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး စစ်ရေးရည်မှန်းချက်များအား အကောင်အထည်ဖော်လျက်ရှိကြောင်း ညီနောင်မဟာမိတ် () ဖွဲ့က ပြောဆိုထားသည်။ (NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.