(ရဲသား (၆) ဦး အေအေထံလက်နက်ချအလင်းဝင်သွား)
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊ မြို့မရဲစခန်း အပါအဝင် မြို့ဝင်တံတား ကစ္ဆပနဒီဂိတ်မှ ရဲသားများ စွန့်ခွာ ထွက်ပြေးသူ ထွက်ပြေး၊ ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချသူချ ဖြစ်နေသဖြင့် စစ်ကောင်စီတပ်က မြို့မ ရဲစခန်းတွင်ဝင်ရောက်နေရာယူထားရသည်ဟု သတင်းရရှိသည်။
ကစ္ဆပနဒီတံတားဂိတ်မှ ရဲတပ်သား (၆) ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ ညနေ ရ နာရီခန့်က အေအေထံ လက်နက်ချ အလင်းဝင် သွားကြောင်းသိရသည်။
ယင်းသို့ရဲတပ်သား (၆) ဦး လက်နက်အပ်အလင်းဝင်သွားသည့်အတွက် ကစ္ဆပနဒီ တံတားဂိတ်မှ ကျန်နေသည့် ရဲတပ်သားများကို စစ်ကောင်စီ တပ်သားများကကားနှင့် ကျောက်တော်တောင်ပေါ်သို့ပြောင်းရွှေ့ထားကြောင်းကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
"မနေ့ညက ရဲ ၆ ယောက် အလင်းဝင်သွားတယ်။ကျန်ရဲတွေကို စစ်တပ်က ကျောက်တော် တောင်ပေါ်ကို
၎င်းပြင် ကျောက်တော်မြို့မရဲစခန်းတွင်လည်းရဲသားတချို့ ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် ကျန်နေသည့် ရဲများနှင့်စစ်တပ်က ဝင်ရောက်နေရာယူထားသည်ဟု ကျောက်တော်ဒေသခံများက ပြောသည်။
ယင်းဖြစ်စဥ်များကြောင့်ယနေ့ နံနက်ပိုင်း နှင့်နေ့ လယ် ၂ နာရီခွဲခန့်မှစကာ ၅ နာရီခွဲအချိန်ထိ စကခ(၉) ကျောက်တော်တပ်မက လူနေကျေးရွာများသို့လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့ကြောင်းကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
"မနက်ကလည်း လေးငါးချက် လက်နက်ကြီးပစ်တယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရောခဏနေတစ်ခေါက် တော်ကြာနေတစ်ခေါက် အချိန်သိပ်မခြားဘူး။ မကြာမကြာကြားနေရပါတယ်။နှစ်ဘက်ပစ်စ်ခတ်တဲ့ အသံတော့ မဟုတ်ဘူး။ တပ်မက ရမ်းသန်းပစ်နေတာပါ"ဟု ဆိုသည်။
ယင်းသို့စစ်ကောင်စီတပ်က လူနေကျေးရွာများအားလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်နေသည့် အတွက်လူထိခိုက် သေဆုံးမှုများရှိမည်ကို
"ကျမတို့အနေနဲ့က ကိုယ့်ကိုပဲ လာထိမလား။ဘယ်နေရာကို ကျမလဲ စိုးရိမ်တယ်။ တကယ့်ကို စိတ်မချမ်းသာပါဘူး" ဟု ပြောသည်။
လက်ရှိမှာမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ ကျောက်တော်မြို့ပေါ်မှ ဒေသခံများသည် နယ်ကျေးရွာများသို့ပြောင်းရွှေ့မှုများလည်း ရှိနေကြောင်း သိရသည်။
၇ခိုင်တွင်တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် နိုဝင်ဘာလ(၁၃) ရက် တစ်ရက်တာအတွင်း ရခိုင်ရှိစစ်ကောင်စီတပ်၏နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ခဲ့ရကြောင်း အေအေကထုတ်ပြန်ထားသည်။
ကျောက်ဖြူ၊ရမ်းဗြဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်စသည့် ရခိုင်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း၊နယ်ခြားစောင့်စခန်းများတွင်လည်း အေအေထံ လက်နက်ချအလင်းဝင်မှုနှင့် တပ်စခန်း စွန့်ခွာထွက်ပြေးမှုများဆက်လက်
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်းလက်ခံမှုမရှိပါက ဆက်လက် တိုက်ခိုက်သွားမည်ဟုရက္ခိုင့်တပ်တော်(AA)ကနိုဝင်ဘာ ၁၅ ရက်တွင် သတိပေးထုတ်ပြန်သည်။ (NN-7)